နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံ ရေးဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား အွန်လိုင်းစနစ်ဖြင့် လက်ခံတွေ့ဆုံ

ဇန်နဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် (သောကြာနေ့)၊ ၁၈၀၀ နာရီ တွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong တိုသည် မြန်မာ-တရုတ် နှစ်နိုင်ငံ (၇)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေး နှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးတွင် သဘောတူညီထားသည့် ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုဆိုင်ရာကိစ္စ ရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများအား နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို မြန်မာကိုယ်စားလှယ်အဖွဲအနေဖြင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတိုမှ ဒုတိယဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတိုနှင့်အတူ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#PAN