ထရမ့်၏ သမ္မတသက်တမ်းအတွင်း ထရမ့်ကုမ္ပဏီများနှင့် နိုင်ငံခြားငွေပေးချေမှုအား အမေရိကန် အောက်လွှတ်တော် အစီရင်ခံစာတွင် ဖော်ပြခဲ့

ဇန်နဝါရီ ၅


အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ၏ ကုမ္ပဏီများသည် အိမ်ဖြူတော်တွင် တာဝန် ထမ်းဆောင် နေစဉ်အတွင်း နိုင်ငံခြားအစိုးရများနှင့် ကုမ္ပဏီများမှ ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့ကြောင်း အောက်လွှတ်တော် ဒီမိုကရက်များမှ ထုတ်ပြန်သော စာရွက်စာတမ်းအသစ်များတွင် ဖော်ပြခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်ထုတ်ပြန်ခဲ့သော “အိမ်ဖြူရောင်းရန်” ခေါင်းစဉ်ဖြင့် အရောင်းအ၀ယ် ဆိုင်ရာအချက်အလက်များကို အသေးစိတ်ဖော်ပြထားသည်။ ထိုအချက်အလက်များတွင် တရုတ်၊ ဆော်ဒီအာရေဗျ၊ ကာတာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတိုအပါအဝင် အခြားနိုင်ငံများမှ ထရမ့် ပိုင်ဆိုင်သော ကုမ္ပဏီများမှ ရရှိသည့် သန်းနှင့်ချီသော လွှပြောင်းမှုများကို အသေးစိတ်ဖော်ပြထားသည်။ အကြီးမားဆုံး အသုံးစရိတ်မှာ တရုတ် နိုင်ငံဖြစ်ပြီး ထရမ့်နှင့် ချိတ်ဆက်ထားသော စီးပွားရေးလုပ်ငန်းအတွက် စုစုပေါင်း ဒေါ်လာ ၅ ဒသမ ၅ သန်း သုံးစွဲ ခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ ချိတ်ဆက်မှုများတွင် အမေရိကန်ရှိ တရုတ်သံရုံး၊ နိုင်ငံပိုင်ဘဏ်နှင့် Hainan Airlines Holding ကုမ္ပဏီတိုလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်တွေ့ရသည်။
အဆိုပါထုတ်ပြန်ချက်တွင် ထရမ့်သည် သမ္မတရာထူးလက်မခံမီ ၎င်း၏ကုမ္ပဏီများ၏ နေ့စဉ်လုပ်ငန်း များကို သားဖြစ်သူထံ လွှပြောင်းပေးခဲ့သော်လည်း ၎င်း၏ပိုင်ဆိုင်မှုများကို ခွဲထုတ်ရန် ငြင်းဆိုခဲ့ကြောင်း၊ ထိုပြင် ကုမ္ပဏီများ၏ ရန်ပုံငွေများ ထိန်းချုပ်မှုများကို ထရမ့်ကသာ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမေရိကန် အိမ်ဖြူတော်မှ ဂျိမ်းစ်ကော်မာ က အစီရင်ခံစာ၏ အချက်အလက်များသည် မှန်ကန်မှု မရှိ ကြောင်း တုံပြန်ခဲ့သည်။ သမ္မတဟောင်း၏ သားဖြစ်သူ အဲရစ်ထရန့်ကလည်း ဖခင်ဖြစ်သူ သမ္မတဖြစ်ချိန်တွင် တရုတ်နိုင်ငံအပေါ် တင်းမာသောရပ်တည်ချက်ရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး ထုတ်ပြန်ချက်ကို ငြင်းဆိုထားသည်။
ထရမ့် သည် ၂၀၁၅ ခုနှစ် မဲဆွယ်စည်းရုံးမှုအတွင်း ဆော်ဒီအာရေဗျနှင့် ကောင်းမွန်သော ဆက်ဆံရေး အကြောင်း မှတ်ချက်များကိုလည်း ထောက်ပြငြင်းဆိုခဲ့သည်။ အောက်လွှတ်တော်အနေဖြင့် ၎င်းတို၏ ထုတ်ပြန်ချက်ကို အချက်အလက် ပိုမိုရရှိရန် အထောက်အကူဖြစ်စေမည့် အကြောင်းအရာများကို ထည့်သွင်း စဉ်းစားရန် ကွန်ဂရက်ကို တိုက်တွန်း ထားကြောင်း Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews