မြဝတီမြို့တွင်အကြမ်းဖက် PDF ၅ ဉီး ဖမ်းဆီးရမိ

ဇန်နဝါရီ ၄

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက် ညနေ ၃ နာရီခန့်တွင် နိုင်ငံတော်အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသော အကြမ်းဖက်အဖွဲ့ဖြစ်သည့် KNDO/PDF အဖွဲ့မှ သောင်းကျန်း သူများရောက်ရှိနေကြောင်း သတင်းရရှိ လိုက်လံ စုံစမ်းဆောင်ရွက်ခဲ့ရာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရွှေဘုန်းပွင့်လမ်းသွယ် (၈)လမ်း တွင် အောင်မြင့်မိုး(ခ)အောင်ကြီးအား ၎င်းကိုင်ဆောင်သည့် Redmi အမျိုးအစား အပြာရောင်ဖုန်း(၁)လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ အောင်မြင့်မိုး(ခ)အောင်ကြီးသည် ၂၀၂၁ ခုနှစ်တွင် KNDO တပ်မဟာ(၇)သို့ဝင်ရောက်ကာ သင်တန်းအမှတ်စဉ်(၉)တွင် PDF အဖွဲ့ဝင်များအဖြစ် သင်တန်းသားအယောက်(၄၀)ဦးခန့်နှင့်အတူ သင်တန်း ကာလ(၄၅)ရက် ခန့်တက်ရောက်ခဲ့ကြောင်း၊သင်တန်းဆင်းပြီးနောက် ကော့ကရိတ်မြို့နယ်၊ ကျိုက်သလိုက်ရွာတွင်အခြေပြုကာ နိုင်ငံတော်အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် ကျားဖြူ စစ်ကြောင်း၊ တပ်ခွဲ(၁)အဖွဲ့နှင့်သွားရောက်ပူးပေါင်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကော့ကရိတ်မြို့၊ ခလရ(၂၃၁)အထိုင်ဖြစ်သော တပ်မတော်စခန်းတစ်ခုကို ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ(၁)တွင်အတူ တာဝန်ထမ်းဆောင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်များဖြစ်သော ထွန်းဝင်း(ခ) ကုလားကြီး၊ ဇင်မင်းစိုး(ခ)စိန်ကြီးနှင့် ထက်လှိုင်ဝင်း(ခ)လှိုင်ကြီး(ခ)လောပန် တို့နှင့်အတူ အင်အား (၈၀) ဦးခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပြီး ၎င်းကိုင်ဆောင် သောဖုန်းအား စစ်ဆေးရာ Aung Myint Moe အမည် Facebook အကောင့်ဖြင့် လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် အကြမ်းဖက်မှုများကို အားပေးလှုံ့ဆော်ရေးသားသော သတင်း မီဒီယာများ၏ Post များ Share ပေးခြင်း၊ ကိုယ်တိုင်ရေးသားခြင်း၊ ပြည်သူများအား အကြမ်းဖက်အုပ်စုတွင်ပါဝင်လာစေရန် သွေးထိုးလှုံ့ဆော်ခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း၊ ဝါဒ ဖြန့်ခြင်းများကိုလူမှုကွန်ရက်ပေါ်တွင်ရေးသားတင်ထားပြီး အကြမ်းဖက်အုပ်စုဖြစ်သည့် KNDO လက်အောက်ခံ R-9 အဖွဲ့တွင် သင်တန်းတက်ရောက်စဉ် ပြောက်ကြားယူနီဖောင်းဖြင့် သေနတ် ကိုင်ကာ ရိုက်ကူးထားသည့် မှတ်တမ်းပုံများအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အောင်မြင့်မိုး(ခ)အောင်ကြီး၏ စစ်ဆေးဖော်ထုတ်ချက်အရ အကြမ်းဖက်အုပ်စုဖြစ်သည့် KNDO လက်အောက်ခံ R-9 အဖွဲ့တွင် အောင်မြင့်မိုး(ခ)အောင်ကြီးနှင့် သင်တန်းအတူ တက်ရောက်ခဲ့ဖူးသည့် မစုလှိုင်(ခ)စုစု(ခ)မမေချယ်ရီအား မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ နတ်စင်လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ အောင်မြင့်မိုး(ခ)အောင်ကြီးနှင့်အတူ ကော့ကရိတ်မြို့၊ ခလရ (၂၃၁)မှ ကျိုက်သလိုက်ရွာအနီးတွင် အခြေပြုထားသော အထိုင်တပ်မတော်စခန်းတစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သူများဖြစ်သည့် ထွန်းဝင်း(ခ) ကုလားကြီး၊ ဇင်မင်းစိုး(ခ) စိန်ကြီးနှင့် ထက်လှိုင်ဝင်း(ခ) လှိုင်ကြီး(ခ)လောပန်တို့(၃)ဦးအား မြဝတီမြို့၊ အမှတ် (၄)ရပ် ကွက်၊ ဝိဝေကာရာမ ဘုန်းကြီးကျောင်းလမ်း တွင် တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အကြမ်းဖက်အဖွဲ့ဖြစ်သော KNDO လက် အောက်ခံR 9(PDF)အဖွဲသို့ ဝင်ရောက်ပြီး သင်တန်းတက်ရောက်ကာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်တပ်စခန်းအား ဝင်ရောက်တိုက် ခိုက်ပြီး နိုင်ငံပိုင်အဆောက်အအုံနှင့် စက်ပစ္စည်းကရိယာများကို ဖောက်ခွဲဖျက် ဆီးကာ လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် အများပြည်သူတို့အား အကြမ်းဖက်အုပ်စုတွင် ပါဝင်လာစေရန် သွေးထိုးလှုံ့ဆော်ခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ပြီး အကြမ်းဖက်အုပ်စု ဖြစ်သည့် KNDO လက်အောက်ခံ R-9 အဖွဲ့နှင့် KNU လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ (၁)မှအဖွဲ့ဝင်များဖြစ်သော အောင်မြင့်မိုး(ခ) အောင်ကြီး၊ ၂၆ နှစ်၊ ရွှေဘုန်းပွင့်လမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့၊မစုလှိုင် (ခ)စုစု(ခ)မမေချယ်ရီ၊ ၂၄ နှစ်၊ နတ်စင်လမ်း၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီမြို့၊
ထွန်းဝင်း(ခ)ကုလားကြီး၊ ၂၈ နှစ်၊ ဝိဝေကာရာမဘုန်းကြီးကျောင်း လမ်း၊ အမှတ်(၄) ရပ်ကွက်၊ မြဝတီမြို့၊ဇင်မင်းစိုး(ခ) စိန်ကြီး၊ ၄၃နှစ်၊ဝိဝေကာရာမဘုန်းကြီးကျောင်းလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့နေသူနှင့် ထက်လှိုင်ဝင်း(ခ) လှိုင်ကြီး(ခ) လောပန်၊ ၂၀ နှစ်၊အေးသာယာ(၉)လမ်း၊ အမှတ်(၄) ရပ်ကွက်၊ မြဝတီမြို့နေသူ တို့(၅)ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က) (ဈ)/၅၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#PAN