သထုံမြို့ ၊ နယ်မြေ ၁၀(က)၊ ဘင်လှိုင်ရပ်ကွက်နေထိုင်သူ ချောစု၏ နေအိမ်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ချိတ်ပိတ်သိမ်းဆည်း

ဇန်နဝါရီ ၃

ယနေ့  မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ တာဝန်ရှိသူများက ကိုးနဝင်း ဘုရားလမ်း၊ နယ်မြေ၁၀(က)၊ ဘင်လှိုင်ရပ်ကွက်၊ သထုံမြို့ နေသူ ချောစုကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ၎င်း၏နေအိမ်ကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းကြောင်း သိရှိရပါသည်။

အဆိုပါ မြို့နယ်ရှိ တာဝန်ရှိအဖွဲ့စည်းများက တရားခံ ချောစု ၄၀ နှစ်၊ (ဘ)ဦးခဲ၊ ရှမ်းဗုဒ္ဓ၊ အလှပြုပြင်ရေး၊ မ-၂၇၀ ၊ ကိုးနဝင်း ဘုရားလမ်း၊ နယ်မြေ၁၀(က)၊ ဘင်လှိုင်ရပ်ကွက်၊ သထုံမြို့ နေသူကို ပုဒ်မ - ၅၂(က)၊ အမှုဖြင့် တရားစွဲ ဆိုပြီး ၎င်း၏ နေအိမ်ဖြစ်သော အလျား ၂၅ ပေခန့်၊ အနံ ၆၀ ပေခန့်ရှိ အုတ်ခံပျဉ်ကာသွပ်မိုး ၂ ထပ်နေအိမ် ၁ လုံး၊ ကာလတန်ဖိုးကျပ်သိန်း ၃၀၀ ခန့်အား နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။

PAN