ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့အဝင်ရှိ ကျွန်းပင် ၁၀၀ နီးပါးကို မြို့နယ်ထွေအုပ် က တိုင်းရန်ပုံငွေ အကြောင်း ပြ၍ ခုတ်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

ဇန်နဝါရီလ ၂ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့အဝင်ရှိ ကျွန်းပင် ၁၀၀ နီးပါးကို တိုင်းရန် ပုံငွေ အကြောင်းပြ၍ မြို့နယ် ထွေအုပ်ရုံးက ခုတ်ယူနေကြောင်း သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျောင်းကုန်းမြို့၏ အဓိကလမ်းမကြီးပေါ်ရှိ လမ်းနှင့်မလွတ်ကင်းသည့် သစ်ပင်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့၊ ရွာများအား သန့်ရှင်းသာယာ လှပရေးအတွက် ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက အပတ်စဉ်စနေနေ့ တိုင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ တရားမဝင် ပြည်ဖျက်မီဒီယာ များမှ သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများအထင် အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိ ပါသည်။