ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းက ပစ်ခတ်ခဲ့ မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ ဟု သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာ များတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ


ဇန်နဝါရီလ ၃ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းက ဇန်နဝါရီလ ၁ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွှေဂူတောင်ရွာရှိ နေအိမ်တစ်အိမ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က မဟုတ်မမှန်ရေးသားဖြန့် ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီလ ၁ ရက်နေ့တွင် AA လက်နက်ကိုင် သောင်းကျန်းသူများက အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု့ကြောင့် ရွှေဂူတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရှိရပြီး မြောက်ဦးရဲတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုမရှိကြောင်း သိရှိရပါသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့၊ တရုတ်ကျေးရွာအတွင်းသို့ ဇန်နဝါရီ ၁ ရက်နေ့က အကြမ်းဖက် သောင်းကျန်းသူများမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ကျေးရွာ၊ ရပ်ကွက် လူနေအိမ်များ အတွင်းမှ ချောင်မြောင်းတိုက်ခိုက်ခြင်း၊ လူနေအိမ်များမီးရှို့ခြင်းနှင့် ‌ကျေးရွာများအတွင်း သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကိုပြုလုပ်၍ အကြမ်းဖက်အားပေး မီဒီယာများမှ တဆင့် တပ်မတော်မှလုပ်ဆောင်သည်ဟု လုပ်ကြံရေးသားဖြန့်ဝေ၍ ၎င်းတို့၏ အကြမ်း ဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ တပ်မတော်သား များအပေါ် အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေနေ ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။