လူသတ်အကြမ်းဖက် PDF အဖွဲ့က မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင် ကျေးရွာအုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်ခတ်

ဇန်နဝါရီ ၂
ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင် ကျေးရွာအုပ်ချုပ်ရေးမှူးအား လူသတ်အကြမ်းဖက် PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

၎င်း အုပ်ချုပ်ရေးမှူး ဦးမောင်ဉာဏ် ၆၁ နှစ်သည် ဂန့်ဂေါ်ပင်ကျေးရွာ၊ နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် ဗိုလ်တထောင်ကျေးရွာထိပ်၊ နတ်စင်နားအရောက်တွင် လူသတ်အကြမ်းဖက် PDF သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြသဖြင့် ဦးခေါင်း၊ နဖူး၊ လည်ပင်းနှင့် ဝဲလက်တို့ တွင် ကျည်ထိမှန်ဒဏ်ရာ ၅ ချက် ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

သာယာဝတီခရိုင် PDF တပ်ရင်း – ၃၈၀၂ တပ်ခွဲ (၂) မှ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

#PAN