ဟားမတ်စ်အဖွဲ့အား တိုက်ခိုက်မှု လပေါင်းများစွာ ကြာမြင့်ဦးမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

ဇန်နဝါရီ ၁

      အစ္စရေးနိုင်ငံ၏ ဟားမတ်စ်များအပေါ် တိုက် ခိုက်မှုမှာ လပေါင်းများစွာ ကြာအောင် ဆက်လက်ဖြစ်ပွား နေဦးမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ဒီဇင်ဘာလ ၃၁ ရက်တွင်ပြောသည်။ အောင်မြင်မှု ရရှိရန် အချိန်ယူရဦးမည်ဟု ၎င်းက သတင်းထောက်များကို ပြော သည်။

       ဟားမတ်စ်များကို အမြစ်ပြတ်သုတ်သင်ရေး နှင့် ဓားစာခံများအားလုံး လွတ်မြောက်ရေး သတ် မှတ် ထားသည့် အောင်မြင်မှု မရမချင်း ဆက်လက် တိုက် ခိုက်သွားမည်ဟု ၎င်းက ပြောသည်။

      အစ္စရေးဘက်မှ လိုအပ်သည့်အောင်မြင်မှုပန်း တိုင်သို့ မရောက်မချင်း တိုက်ပွဲရပ်တန့်ရန် နိုင်ငံ တကာ၏ ဖိအားကို ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ငြင်းဆိုသွားမည်ဟု ၎င်းက ဆက်ပြောသည်။ ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေးတို့က မြေပြင်၊ ဝေဟင်ထိုးစစ်ဆင်မှုများကြောင့် အရပ်သား သေ ကျေပျက်စီးမှု များပြားလျက် ရှိသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၁၆၅ ဦးသေဆုံးခဲ့သည်ဟု ဒီဇင်ဘာလ ၃၀ ရက်တွင် ဂါဇာကျန်း မာရေးအာဏာပိုင်များက ပြောသည်။

      ထိုစဉ် ယီမင်အစိုးရဆန့်ကျင်ရေး အုပ်စုဖြစ်သည့် ဟူသီသူပုန်တို့သည် ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ ဟူသီ သူပုန်တို့သည် ဟားမတ်စ် တို့နှင့် ခိုင်မာသည့် ဆက်ဆံရေးရှိကြောင်း ပြသခဲ့သည်။ စင်ကာပူအလံလွှင့်ထူထားသည့် ကုန်တင်သင်္ဘောကို ဟူသီ တို့က ဒီဇင်ဘာ လ ၃၀ ရက်တွင် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ရာ ကြားဖြတ်ပစ်ချခဲ့ရကြောင်း အမေရိကန်ဗဟိုကွပ် ကဲရေး မှပြောသည်။ နိုဝင်ဘာလ ၁၉ ရက်မှ စတင်ကာ ဟူသီသူပုန်များသည် အပြည်ပြည်ဆိုင်ရာ သင်္ဘောများကို တိုက်ခိုက်မှုများ စတင်လုပ် ဆောင်ခဲ့ကြောင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN