ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကို အစ္စရေးကမ်းရိုးတန်းမှ အမေရိကန် ရုပ်သိမ်းတော့မည်ဟု အစီရင်ခံစာတွင် ဖော်ပြထား

ဇန်နဝါရီ ၁

      အစ္စရေးတွင် ဟားမတ်စ်တို့၏ အောက်တို ဘာ ၇ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု နှင့် ဘက်စုံရှေ့တန်းစစ်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ယင်းနေရာကို ဖြန့်ကျက်ချထားခဲ့သည့် အမေရိကန်လေယာဉ်တင် သင်္ဘော USS Gerald R. Ford သည် သုံးလနီးပါးကြာတွင် မြေထဲပင်လယ်မှ ထွက်ခွာရန် စီစဉ်ထားကြောင်း ABC သတင်းက တနင်္ဂနွေညတွင် ဖော်ပြခဲ့သည်။ 

      USS Gerald Ford သည် အမေရိကန်ရေတပ်၏ နျူကလီးယားသယ်ဆောင်သည့် ရေ ယာဉ်စုတွင် နောက်ဆုံးပေါ် အကြီးဆုံးနှင့် ကြောက်မက်ဖွယ် အကောင်ဆုံးဖြစ်သည့်အပြင် လက်ဘနွန်၊ ဆီးရီးယား သို့မဟုတ် အီရန်တို့ကို လွတ်လပ်စွာ တိုက်ခိုက်နိုင်သည့် စွမ်းရည်ကို ပိုင် ဆိုင်ထားသည်။

     ၎င်းအား Emirates မှ လောင်စာဆီကို ဖြည့်ထားသော အမေရိကန်လေတပ်မှ လေယာဉ်များဖြင့် ပံ့ပိုးထားပြီး ဖျက်သင်္ဘောငါးစီးဖြင့် တိုက်ပွဲဝင်နေပါသည်။

     အဆိုပါ သင်္ဘောနှင့် “တိုက်ခိုက်မှုအဖွဲ့ကို ဖွဲ့ စည်းထားသည့် အခြားမြေပြင်သင်္ဘောများ” သည် “မူလသတ်မှတ်ထားသည့်အတိုင်း အနာ ဂတ်တပ်ဖြန့်မှုများအတွက် ပြင်ဆင်နိုင်စေရန် အမေရိကန်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်” ဟု အမည်မဖော်လိုသည့် အမေရိကန်အကြီးတန်းအရာရှိတစ်ဦးကို ကိုးကား၍ ABC သတင်းက ဆိုသည်။

      အစီရင်ခံစာအရ မြေထဲပင်လယ်တွင် ခရူဇာများနှင့် ဖျက်သင်္ဘောများ ဖြန့်ကျက်ချထားခြင်းဖြင့် ဒေသတွင်းတွင် အမေရိကန်စစ်တပ်၏ တည် ရှိမှုကို ဆက် လက် မြှင့်တင်သွားမည်ဟု ဆိုသည်။ အမေရိကန် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိ သူကို ABC က မှတ်ချက်ပေးဖို့ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ ဒီနေ့ ဘာမှ ကြေညာစရာ မရှိပါဘူး” ဟု ဆိုသည်။

#PAN