အစ္စရေးနိုင်ငံသို့ အမေရိကန်က လက်နက်များပေးပို့နေခြင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီး ပြစ်တင်ရှုတ်ချ

ဒီဇင်ဘာ ၃၀

     ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုများဆောင် ရွက်ရန်အတွက် အစ္စရေးနိုင်ငံသို့ အမေရိကန်က လက် နက်များ မရပ်မနားပေးပို့ခြင်းအပေါ် အီရန်နိုင်ငံခြား ရေးဝန်ကြီး ဟူစိန်အမ်မာအဒိုလာဟင်က ဒီဇင်ဘာ ၂၈ ရက်တွင် ပြစ်တင်ရှုတ် ချခဲ့ကြောင်း Fars သတင်းဌာနက ပြောကြား သည်။

      ဂါဇာကမ်းမြောင်တွင် ဆက်လက်ဖြစ်ပွားနေသော အစ္စရေးတို့၏ တိုက်ခိုက်မှုများဆိုင်ရာ အခြေအနေနှင့်ပတ်သက်၍ အီရန်နိုင်ငံအလယ်ပိုင်း Qom မြို့ ၌ ၎င်းက ယခုကဲ့သို့ပြစ်တင်ရှုတ် ချသည့် မှတ်ချက်ပေးခဲ့ကြောင်း သိရသည်။

      အမေရိကန် လက်နက်များကို ဒေသတွင်းရှိ အခြေ စိုက်စခန်းအားလုံးမှ မရပ်မနား တဲလ်အဗစ်မြို့ကို ပို့ဆောင်နေသည်။ ထို့အပြင် စစ်ဘက်ဆိုင်ရာ ကိရိ ယာများကို အမေရိကန်နိုင်ငံမှ ဆိုက်ပရပ်စ်သို့ တိုက် ရိုက်ပေးပို့ပြီး ထိုမှတစ်ဆင့် တဲလ်အဗစ်သို့ ပို့ပေးနေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

       အီရန်ထိပ်တန်းသံတမန်က အစ္စရေးသို့ လက်န က်များ အဆက်မပြတ်ပေးပို့နေသည့် အမေရိကန်၏ ဆောင်ရွက်ချက်ကို ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့ပြင် အမေရိကန်သည် အစ္စရေး – ပါလက်စတိုင်းစစ်ပွဲကို ကြီးထွားစေလိုသည့် ဆန္ဒမရှိဟု ကမ္ဘာ့နိုင်ငံများကို လှည့်ဖျားခဲ့သည်ဟုလည်း အဒိုလာဟင်က ပြစ်တင် ပြောကြားခဲ့သည်။

      ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ အဆက် မပြတ် ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များကြောင့် ပါလက်စတိုင်း ၂၁၀၀၀ ကျော် သေဆုံးခဲ့ပြီး ဂါဇာရှိ လူဦးရေအများစုမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

#PAN