မုံရွာမြို့နယ်၊ညောင်ပင်ရွာသစ်ကျေးရွာအနီးတွင် တာဝန်သိ ဒေသခံရွာသားများ၏ သတင်းပေးမှုအရ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ခြေကုတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့က သွားရောက်ရှင်းလင်းချေမှုန်း

ဒီဇင်ဘာ ၃၀

     စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့နယ်တွင် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့များသည် ညောင်ပင်ရွာသစ်ကျေးရွာအနီးတွင် PDF အမည်ခံ အကြမ်းဖက် သမားများက ခြေကုတ်စခန်းပြုလုပ်ပြီး ခိုအောင်းနေထိုင်ကြောင်း တာဝန်သိ ဒေသ ခံရွာသားများက လျှို့ဝှက်သတင်းပေးပို့လာသဖြင့် ၎င်း ခြေကုတ်စခန်းနေရာအား ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် သွားရောက်ရှင်းလင်းချေမှုန်းခဲ့ကြောင်း  သိရပါသည်။

      ထိုသို့  ရှင်းလင်းချေမှုန်းရာမှ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီး အကြမ်းဖက် PDF အဖွဲ့များ ကစဥ်ကလျားနှင့် ဆုတ်ခွက်ပြေးသွားကြသည်ဟု သိရပါသည်။ ထိုသို့ သွားရောက်ရှင်းလင်းစဥ် အကြမ်းဖက်သမားများက ဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူ ၆ ဦးကို ကယ်တင်နိုင်ခဲ့သည်။

      တိုက်ပွဲအပြီးတွင် အကြမ်းဖက်သမားအလောင်း ၁ လောင်းနှင့်အတူ RPG သေနတ် ၁ လက် ၊ လက်လုပ်သေနတ် ၃ လက် ၊ ၅.၅၆ မမကျည် ၁၇၀၀ တောင့် ၊ အမ်-၂၂ ကျည် ၂၀၀ တောင့် ၊ စနိုက်ဘာကျည် ၄၀ တောင့် ၊ RPG ဒုံးသီး ၁ လုံး ၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁ လုံး ၊ လက်ပစ်ဗုံး ၁ လုံး ၊ ကားမျိုးစုံ ၇ စီး ၊ တဲ ၄ လုံး ၊ WY အမျိုးအစားမူးယစ်ဆေးပြား ၂၀၀၀ ပြား ၊ ဘိန်းဖြူမှုန့် (ပက်နဆလင်ပုလင်း) ၁၀ လုံးတို့ကို သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN