ချောင်းဦးမြို့၊အထက်တန်းကျောင်းမှ  အထက် တန်းပြဆရာမ တစ်ဦးကို PDF အမည်ခံ အကြမ်း ဖက်သမားများက ဖမ်းဆီးခေါ်ဆောင် နိုင်ငံဝန် ထမ်းများနှင့် ပြည်သူများက စိုးရိမ်ထိတ်လန့်မှု မြင့်တက်

ဒီဇင်ဘာ ၃၀

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ တမာမြိုင်ရပ်ကွက်၊ ကျောင်းရွာရပ်တွင် နေ ထိုင်သော ချောင်းဦးမြို့၊အထက်တန်းကျောင်းမှ  အထက်တန်းပြဆရာမ ဖြစ်သူ ဒေါ်ချမ်းမြအေးသည် နေအိမ်၌ ရှိနေစဥ်  PDF အမည်ခံ အကြမ်း ဖက်သမားများက ညနေ ၅နာရီခွဲအချိန်ခန့်တွင်   ၎င်းနေအိမ်သို့  ရောက်ရှိလာပြီး မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

      PDF အမည်ခံ အကြမ်းဖက်သမားများသည် ချောင်းဦးမြို့ပေါ်တွင် မကြာခဏ ဝန်ထမ်းများကို CDM ပြုလုပ်ခြင်းမရှိ၍ ဒလန်ဟုသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးသတ်ဖြတ်လျှက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိမှု မရှိသလို ဖော်ထုတ်ရှင်းလင်းနိုင်မှု မရှိကြောင်း မြို့ပေါ်ရှိ ဝန်ထမ်းများထံမှ ကြားသိရပါ သည်။

       ထိုသို့ ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့်  နိုင်ငံ ဝန်ထမ်းများ အနေဖြင့် စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ နှိမ်နှင်းပေးပြီး မြို့ပေါ်လုံခြုံရေး ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးစေလိုကြောင်း နိုင်ငံဝန်ထမ်းများနှင့် ပြည်သူအများက လိုလားလျှက်ရှိနေကြကြောင်း သတင်းရရှိပါသည်။

#PAN