ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာရှိ ရဲစခန်းရှိ လုံခြုံရေးစစ်ကြောင်းကို ၂ လကြာ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေသည့် အကြမ်းဖက်သောင်း ကျန်းသူ KTLA /PDF ပူးပေါင်းအဖွဲ့များကို တပ်မတော်နှင့် BGF  ပူးပေါင်းပြီး အထူးစစ် ဆင်ရေးဖြင့် လျှပ်တပြက်တိုက်ခိုက်

ဒီဇင်ဘာ ၂၉

     ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နှင့် မွန် ပြည်နယ် မုဒုံမြို့၊ ကျိုက်မရောမြို့တို့ကို ဆက်သွယ်ပေးထားသည့် ချောင်းနှစ်ခွ မြစ်ကူးတံတာလုံခြုံရေးစခန်းကို အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၁၀ ရက်နေမှစ၍ သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်နေ့တွင် ချောင်းနှစ်ခွ မြစ်ကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

      အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ ပူး ပေါင်းအဖွဲ့များသည် ချောင်းနှစ်ခွရွာရှိ ချောင်းနှစ်ခွရဲစခန်းတွင် လုံခြုံရေးတာ၀န်ယူဆောင်ရွက်နေသော တပ်မ တော်စစ်ကြောင်းအား ပတ်လည်၀န်းရံထားပြီး နေ့စဥ်ပစ်ခတ်တိုက်ခိုက်လျှက်ရှိရာ တပ်မတော်စစ်ကြောင်းက စခန်းမကျအောင် ကြံကြံခံခုခံတိုက်ခိုက်ခဲ့ရာ ယနေ့အထိ ရက်ပေါင်း ၆၀ ရှိနေပြီဖြစ်ကြောင်း သိရှိရပါ သည်။

      ဒီဇင်ဘာ ၂၈ ရက်နေ့ ညပိုင်းတွင် တပ်မတော်နှင့် BGF  ပူးပေါင်းစစ်ကြောင်းတို့သည် အဆိုပါ ချောင်းနှစ်ခွရဲစခန်းကို ဝိုင်းပတ်တိုက်ခိုက်နေသည့် အကြမ်းဖက်သောင်းကျန်းသူပူး ပေါင်းအဖွဲ့များကို Drone များဖြင့် Drop Bomb များတန် ပြန်ချခြင်း၊ ရန်သူစနိုက်ဘာများကို တပ်မတော်လက်ဖြောင့် စနိုက်ဘာများဖြင့် တန်ပြန်ပစ်ခတ်ခြင်း၊ လျှပ်တပြက် အတ္တရံမြစ်ကူး အထူးစစ် ဆင်ရေးမစ်ရှင်ဖြင့် ဟန်ချက်ညီညီ ချေမှူန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ၏ တောင်ညိုစစ်ကြောင်း၊ lion comando စစ်ကြောင်း၊ ဂဌုန်စစ် ကြောင်းတို့မှာ ဟန်ချက်ပျက်ပြီး အထိအခိုက်အကျ အဆုံးများစွာဖြင့် ချောင်းနှစ်ခွ နယ်မြေထဲမှ ဆုတ်ခွာထွက်ပြေးခဲ့ကြကြောင်း သိရပါသည်။

       တပ်မတော်ဘက်မှ စနစ်တကျ စစ်ဆင်ရေးစီမံချက်ရေးဆွဲပြီး ချေမူန်းတ်ိုက်ခိုက်ခဲ့သောစစ်ကြောင်းနှင့် ချောင်းနှစ်ခွရဲစခန်းတွင် ခံစစ်ဆင်နေသော လုံခြုံရေးစစ်ကြောင်းတို့သည် ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်တပ် တွေ့ဆုံပေါင်းစည်းနိုင်ပြီဖြစ်ကြောင်း သိရပါသည်။

       အဆ်ိုပါ စစ်ဆင်ရေးတွင် တပ်မတော်ဘက်မှ အရာရှိ ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူဘက်မှ ထိခိုက် ကျဆုံးမှု စုံစမ်းဆဲဖြစ်ပြီး ဒေသခံများ၏ ပြောပြချက်အရ အခိုက်ကျဆုံးများစွာဖြင့် ချောင်းနှစ်ခွနယ်မြေမှ ဆုတ် ခွာသွားခဲ့ကြောင်း သိရှိရပါသည်။

#PAN