အကြမ်းဖက်သောင်းကျန်းသူ TNLA များက အလုံးစုံပျက်သုဥ်းရေး အစွန်းရောက်ဝါဒ လက် ကိုင်ထားပြီး သီပေါမြို့နယ်၊ နမ့်တူမြစ်ကူး တံ တားကို ဖောက်ခွဲဖျက်ဆီး

ဒီဇင်ဘာ ၂၉

      အလုံးစုံပျက်သုဥ်းရေးကို ဦးတည်လုပ်ဆောင်သည့် အစွန်းရောက်အကြမ်းဖက်ဝါဒ လက်ကိုင်ထားသော ပြည်ပြေးအကြမ်းဖက် နှင့် ၎င်း၏ သြဇာခံ အကြမ်းဖက်သောင်းကျန်းသူ ပေါင်းစုံတို့ သည် ၎င်းတို့ တည်ဆောက်ခြင်း တစ်ကြိမ်တစ်ခါမှ မပြုလုပ်ခဲ့ဘူးသော မြစ်ကူး၊ ချောင်းကူး တံ တားများကို တိုင်းရင်း သား ပြည်သူလူထု၏ မျက်နှာကို မထောက်ထားဘဲ ဖောက်ခွဲဖျက်ဆီးလျှက်ရှိပါသည်။

      အဆိုပါ အစွန်းရောက်ဝါဒအရ အကြမ်းဖက်သောင်းကျန်းသူ TNLA များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ နမ့်တူမြစ်ကူး တံ တားကို ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ဖေါက်ခွဲဖျက်ဆီးခဲ့သည်ဟု သိရပါသည်။



    ထိုသို့ ဖောက်ခွဲဖျက်ဆီးခြင်းကြောင့် အဆိုပါတံတားမှာ ပေါက်ပြဲပျက်စီးသွားပြီး သီပေါ – နမ့်မတူ – လားရှိုးလမ်းကြောင်း ယာဥ်များ သွာလာနိုင်ခြင်းမရှိတော့ဘဲ ပြတ်တောက်သွားကြောင်း သိရပါသည်။

#PAN