ရွှေတိဂုံဘုရားဖူးချိန် နံနက် ၅ နာရီမှ ည ၉ နာရီအထိ တိုးမြှင့်သတ်မှတ်

ဒီဇင်ဘာ ၂၉

     ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဘုရားဖူးအများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဘုရားဖူးချိန်ကို နံနက် ၅ နာရီမှ ည ၉ နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်သည်ဟု ရွှေတိဂုံစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က အသိပေးကြေညာထားပါသည်။

     အဆိုပါဘုရားဖူးချိန်ကို လာမည့် ၂၀၂၄ ခုနှစ် ဇန်န ဝါရီလမှစ၍ အချိန်တိုးမြှင့်သတ်မှတ်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာထား သည်။ ယခုလက် ရှိ ဘုရားဖူးချိန်မှာ နံနက် ၅ နာရီမှ ည ၈ နာရီအထိ သတ်မှတ် ထားပါသည်။

      ရွှေတိဂုံစေတီတော်သို့ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် ဝင်ရောက်မှုမှာ တစ်ရက်ကို ၂၀,၀၀၀ ကျော်အထိ လာရောက်ဖူးမြော်ကြည်ညိုကြပြီး အစိုးရရုံး ပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ နေ့တို့တွင် ဘုရားဖူးဧည့်သည်များ ၃၀,၀၀၀ မှ ၅၀,၀၀၀ ကြား လာရောက်ဖူးမြော်ကြပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ ကဆုန်လပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ဘုရားဖူးဧည့်သည် ပိုမိုဝင်ရောက်ကြသည်ဟု သိရသည်။

#PAN