မြဝတီမှတစ်ဆင့် ထိုင်းကိုစေလွှတ်နေသော MoU လုပ်သားများ ကော့သောင်းလမ်းကြောင်းက ပြောင်းလဲစေလွှတ်ပါက လက်ခံပေးမည်ဟု ထိုင်းနိုင်ငံအကြောင်းပြန်

ဒီဇင်ဘာ ၂၈

     မြဝတီလမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံကိုစေ လွှတ်နေသော မြန်မာ MoU လုပ်သားများ ကော့သောင်းလမ်းကြောင်းမှ တစ်ဆင့်ပြောင်းလဲ စေလွှတ်လာပါက လက်ခံပေးမည်ဟု ထိုင်းနိုင်ငံဘက်က အကြောင်းပြန် ထားသည်ဟု အလုပ်သမားဝန်ကြီးဌာနမှ သိရပါသည်။

      လက်ရှိလုံခြုံရေးအခြေအနေအရ မြဝတီလမ်း ကြောင်းမှ MoU လုပ်သားများ စေလွှတ်၍ မရသေးဘဲ အခက်အခဲတချို့ရှိနေတာဖြစ်ပြီး လမ်းကြောင်းပြောင်းစေလွှတ်ရန် နှစ်နိုင်ငံတာဝန် ရှိသူများ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။

      လတ်တလောအခြေအနေအရ ထိုင်းနိုင်ငံကို MoU လုပ်သားစေလွှတ်မှု အခက်အခဲများရှိသော်လည်း စေလွှတ်သည့် လုပ်ငန်းစဉ်များ လုံး ၀ရပ်တန့်တာမျိုးမရှိသေးဘူးဟု သိရပါသည်။

       ယခင်က ရန်ကုန်-မြဝတီ-မဲဆောက် လမ်း ကြောင်းနှင့် ရန်ကုန်-ကော့သောင်း-ရနောင်းလမ်း ကြောင်းတို့မှ MoU လုပ်သားစေလွှတ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးညှိ နှိုင်းမှုများအရ ကော့သောင်းလမ်းကြောင်းမှ စေလွှတ်ရန် ရှိနေကြောင်း သိရပါသည်။

#PAN