မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာ ဒေသခံ ရွာသူ၊ ရွာသား  ၈၃ ဦး ဖမ်းဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၈

     မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာသို့ ဒီဇင်ဘာ၂၇ ရက် မနက် ၉ နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး ဒေသခံ ရွာသူ၊ ရွာ သား ၈၃ ဦး အား ကျေးရွာရှိဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်စာမျက် နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံ လုံခြုံ ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြား ချက်အရ သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာအနီးတွင် အကြမ်း ဖက်သမားများမှ ဒေသခံပြည်သူများအား ငွေကြေး၊ ပစ္စည်းများလုယက်ယူ ဆောင်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိကြောင်းသတင်းရရှိသဖြင့် တပ်မ တော်မှ နယ်မြေ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး  ရွာသူ၊ ရွာသားများအား ဖမ်းဆီးခြင်း မရှိကြောင်း သိရှိရပါသည်။

       တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ပေးလျက်ရှိပြီး ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကို လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိပါသည်။

#PAN