ချောက်မြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ၁၅ ဦးသေဆုံး ဟု သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၈

     မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကတိုင်ကျေးရွာနှင့် ကံပေါက်ကျေးရွာ ကြားတွင် စစ်ကား ၃ စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၁၅ ဦး သေဆုံးခဲ့သည် ဟု မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေးမီဒီယာတစ်ခုဖြစ်သည့် ခေတ် သစ်မီဒီယာမှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စုံစမ်းတွေ့ရှိချက်များအရ စစ်ကား မိုင်းဆွဲ တိုက် ခိုက်ခံရပြီး ၁၅ ဦးသေဆုံးသည် ဆိုသည့်သတင်းမှာ မြေပြင်တွင် အမှန်တကယ်ဖြစ်ပွားမှုမရှိဘဲ ခေတ်သစ်မီဒီယာမှ လုပ်ကြံသတင်းတုဖန်တီးရေးသားထားခြင်းသာ ဖြစ် ကြောင်း သိရှိရသည်။

      တရားမဝင်ပြည်ဖျက် အကြမ်းဖက်အားပေးမီဒီယာများသည် အခြေအမြစ်မရှိသည့် သတင်းတု၊ သတင်းမှားမျာကို လုပ်ကြံရေးသား၍ တည်ငြိမ်အေး ချမ်းမှုပျက်ပြားစေရန်နှင့် လုံခြုံရေးတပ် ဖွဲ့ဝင်အပေါ် ပြည်သူများမှ အားကိုးယုံကြည်မှု လျော့ပါးစေရန် လုပ်ကြံသတင်း တု၊ သတင်းမှားများကို လှုမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။

#PAN