မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ရှော့တိုက်ဒုံးဖြင့် ပစ် ခတ်တိုက်ခိုက်မှုအတွင်း တိုင်းမှူး၏ ဇနီးဖြစ်သူ နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း မဟုတ်မမှန် သတင်းများကို ထုတ်လွှင့်လျက်ရှိ

ဒီဇင်ဘာ ၂၇

      မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက် သောင်းကျန်း သူများက ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိကြီး နေအိမ် များနှင့် စစ်သည်အမျိုးသမီးအဆောင်ကို ထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ ရာထူးကြီး အဆင့် ၁ ဦး သေ ဆုံးခဲ့ကြောင်း တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit ThitMedia က ဒီဇင်ဘာ ၂၂ ရက်နေ့တွင် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေခဲ့ရာ ယနေ့တွင်လည်း အဆိုပါရှော့တိုက်ဒုံး ပစ်ခတ်မှုကြောင့် တိုင်းမှူး၏ ဇနီးဖြစ်သူ နှလုံးရောဂါဖြင့် ရှော့ဖြစ်သေဆုံးခဲ့သည်ဟု သတင်းတု၊ သတင်းမှားများကို ထပ်မံ၍ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

     အဆိုပါသတင်းနှင့်ပတ်သက်ပြီး ၎င်းတို့ပစ် ခတ်မှုကြောင့် ပုသိမ်ကြီးမြို့နယ်၊ စက်ရိပ် (မြောက်)ကျေးရွာရှိ မြေကွက်လပ်သို့ ရှော့တိုက်ဒုံးများကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက် အဦများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရပါသည်။

     အလားတူ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုပေါင်းလမ်း လျှောက်ပွဲတွင် မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ ဇနီး နှလုံးဖောက်ကာ ဆေးရုံတင်ထားရကြောင်း Khit ThitMedia က သတင်းတု၊ သတင်းအမှားများကို  ကြိမ်ဖန်များစွာ ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

      တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် Khit Thit Media သည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ဂုဏ် သိက္ခာကျဆင်းစေရန်နှင့် တပ်မိသားစုဝင်များအပေါ် မဟုတ်မမှန် သတင်းအတုများ ရေးသားဖြန့်ဝေကာ ပြည်သူများမှ ထင် ယောင်ထင်မှားဖြစ်စေရန်အတွက် လူမှုကွန်ရက်တွင် ရည်ရွယ်ချက်ရှိရှိဖြင့်  လုပ်ကြံဝါဒ ဖြန့်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN