ကသာမြို့တွင် အကြမ်းဖက် PDF အလောင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၇

ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာမြို့တွင် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့များသည် မြို့ဝင်စုပေါင်းဂိတ်တွင် မသင်္ကာဖွယ်လူတစ်ဦးကို ခေါ်ယူစစ်ဆေးစဉ် အစစ်ဆေးမခံဘဲ ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရပါသည်။

အဆိုပါခုခံထွက်ပြေးသူအား ပစ်ခတ်ဖမ်းဆီးရာ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး အကြမ်းဖက် PDF အဖွဲ့ဝင် ၁ ဦး ဖြစ်ကြောင်းနှင့် ၎င်းထံမှ အိုင်ကွန် ၁ လုံး ၊ ဖုန်း ၂ လုံး ၊ KIA လက်မောင်းဘက်တံဆိပ် ၁ ခု ၊ ဆိုင်ကယ် ၁ စီး တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

လူသတ်အကြမ်းဖက် PDF အဖွဲ့ဝင်များသည် ဒေသတွင်းရှိ မြို့များကို စိမ့်ဝင်လှုပ်ရှားနေကြရာ လုံခြုံရေးစစ်ဆေးရေး
ဂိတ်များက မြေပြင်သတင်းအချက်အလက်များ ရယူကာ တင်းကြပ်စွာ စစ်ဆေးဆောင်ရွက်သဖြင့် အကြမ်းဖက်အဖွဲ့ဝင်များ မကြာခဏ ပစ်ခတ်ဖမ်းဆီးခံနေရကြောင်း နေ့စဥ်သတင်းများအရ ကြားသိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews