ပို့ကုန်ရငွေ ပြည်တွင်းသို့ပြန်လည်ဝင်ရောက်ရမည့်ကာလ ပြင်ဆင်သတ်မှတ်

ဒီဇင်ဘာ ၂၆

      ပို့ကုန်ရငွေ‌များ ပြည်တွင်းကိုပြန်လည်ဝင်ရောက်ပြီး ပို့ကုန်တင်ပို့သူ၏ နိုင်ငံခြားငွေစာရင်းထဲ မပျက် မကွက် ထည့်သွင်းရမည့် ကာလကို ပြင်ဆင်သတ်မှတ်လိုက်သည်ဟု ဗဟိုဘဏ်က ဒီဇင်ဘာလ ၂၅ ရက် ရက် စွဲနှင့် အမိန့်ကြော်ငြာ စာထုတ်ပြန်ခဲ့ပါသည်။

      အာရှနိုင်ငံ‌များကို တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေ ပြန်လည်ဝင်‌ရောက်ရမည့်ကာလကို ယခင်က ပို့ကုန်တင်ပို့သည့်နေ့မှ စတင်ပြီး ၄၅ ရက် သတ်မှတ်ထားရာမှ ယခုအခါရက် ၃၀ အတွင်း ပြန်လည်ဝင်ရောက်ရမှာ ဖြစ်သည်ဟု သိရပါသည်။

       ထို့အပြင်အာရှနိုင်ငံများမှအပ တခြားနိုင်ငံများကို တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ရမည့် ကာလကို ယခင်က ရက် ၉၀ သတ် မှတ်ထားရာမှ ယခုအခါ ရက် ၆၀ အတွင်း ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ရန် ပြင် ဆင်သတ်မှတ်လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါအမိန့်ကြော်ငြာစာကို လိုက်နာဆောင်ရွက်မှုမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရမှာ ဖြစ်သည်ဟု ထုတ်ပြန်ထား ပါသည်။

#PAN