ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မြစ်ခြေမြို့တွင် ပြည်သူ့ခန်းမရှေ့၌ အကြမ်းဖက် PDF များက မိုင်းများထောင်ထားကြောင်း တာဝန်သိပြည်သူများ၏ လျှို့ ဝှက် သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေး ဆောင် ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များက ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ထောင်ထားသော မိုင်းများအား ဖော်ထုတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းများအား ဖော်ထုတ်ရှင်းလင်းခဲ့ရာလက်လုပ်ရှေ့ထွက်မိုင်း ၃ လုံး၊ လက်လုပ်မိုင်း ၂ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။
အကြမ်းဖက်ပြည်ပြေအဖွဲ့ NUG ၏ လက်ဝေခံ လူသတ်အကြမ်းဖက် PDF များသည် အပြစ်မဲ့ အရပ် သားပြည်သူများကို ထိခိုက်မှုဖြစ်ပွားစေရန် ရည်ရွယ်ပြီး ယခုလို ပြည်သူ့ခန်းမရှေ့၌ မိုင်းထောင်ထားခြင်းဖြစ်ကြောင်း သိရပါသည်။
#PAN