တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၆

      တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများ ဆောင်ရွက်ရာ ဒီဇင်ဘာ ၂၂ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း၌ တရားဝင်စာရွက်စာ တမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Fire Resistant Filing Cabinet ခြောက်လုံးအပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၁၀၀,၀၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာ တမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် IK PLUS A4 စက္ကူ ကီလိုဂရမ် ၁၂၀၀ ၊ အပါ အဝင် ကုန်ပစ္စည်းသုံးမျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၉,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Hino Profia Tractor Head တစ်စီး
နှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၅,၀၀၀,၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄,၁၀၀,၀၀၀)ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အပြင် ဒီဇင်ဘာ ၂၃ ရက်တွင် ကရင်ပြည် နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ထီလုံကျေးရွာအနီး၌ မြဝတီမှ ဘားအံသို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် Silicone Sealant ကော်ဘူး ၂၄၀၀၊ Nabati Wafer အထုပ် ၄၈၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၈၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၈၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ ဒီဇင်ဘာ ၂၅ ရက်တွင် ပဲခူးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း ၌ တရားမဝင်အခြား သစ် ၅ ဒသမ ၂၈၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၆၀၅,၁၁၀)ကို လည်းကောင်း၊ ပြည်ခရိုင်အတွင်း ၌ တရားမဝင် သစ်မာ သုည ဒသမ ၉၃၆ တန်နှင့် အခြားသစ် သုည ဒသမ ၄၃၃ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၈,၅၅၂)ကို လည်းကောင်း စုစု ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၀၃,၆၆၂)ကို သိမ်း ဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာအမှုတွဲ ခုနှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇,၀၀၃,၆၆၂) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီမှ သိရသည်။

#PAN