ခရစ္စမတ်ရုံးပိတ်ရက်ကာလအတွင်း ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေနယ်မြေသို့ ခရီး သွားဧည့်သည် တစ်သိန်းငါးသောင်းကျော် လာရောက်လည်ပတ်

ဒီဇင်ဘာ ၂၆

     ဒီဇင်ဘာရက်ရှည် ရုံးပိတ်ကာလ တစ်ခုဖြစ်သည့် ခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံ များသို့ ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိသည်ဟု လောကနန္ဒာစွယ် တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူးက ပြောကြားခဲ့ပါသည်။

       ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်း ပိတ်ရက်ကာလအတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သော ပုဂံ-ညောင်ဦးရှိ စွယ်တော်သုံးဆူ၊ ဧရာ ဝတီမြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ်၊တန့်ကြည်တောင်စွယ် တော်မြတ်စေတီ၊ မဟာငှက်ပစ် တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊  သဗ္ဗညုဘုရား ၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မကြီးနှင့်စူဠာမဏိဘုရားများသို့ ကားထားသည့် နေရာအခက်အခဲဖြစ်သည်အထိ လာရောက်လည်ပတ်သော ပြည်တွင်း ခရီးသွားဘုရား ဖူးဧည့်သည် များပြားလျက်ရှိသည်ဟုသိရပါသည်။

       ပွဲတော်အချိန်ခါမဟုတ်သည့် အချိန်မှာပင် ပုဂံ – ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ပြည် တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များအဆက်မပြတ်သည့်မြို့ဖြစ်ပြီး သီတင်းကျွတ်ရုံး ပိတ်ရက်၊ တန် ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ် ရက်/ကျောင်းပိတ်ရက်များမှာ ပုဂံဒေသ၏ အလွန်ရှေးကျပြီး  ပကတိအတိုင်းရှိနေသေးသော ဘုရား၊ ပုထိုး၊ သာသနိကအဆောက် အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှု နယ် မြေအတွင်း နေရာစိပ်စိပ်နှင့် လက် ညှိုးထိုးမလွှဲ  တစ်နေရာနှင့် တစ်နေရာ မဝေးကွာဘဲ တဆက်တစပ်ထဲရှိနေသော ဘုရား၊ပုထိုးများကို ဖူးမြော်နိုင်ခြင်းက ပြည်တွင်း/ပြည်ပခရီးသွားများကို ကြိုက် နှစ်သက်စေကြောင်း သိရပါသည်။

       ယခုနှစ် ခရစ္စမတ်အားလပ်ရက် ပုဂံ – ညောင်ဦးဘုရားဖူးလာရောက်သူ တစ်သိန်းငါးသောင်းဦးကျော် လာရောက် ဖူးမြှော်ကြကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

       ပုဂံရှေဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရား၊ သာသနိကအဆောက်အအုံများနှင့် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းမကြီး တလျှောက်မှာ ရှိကြသော ဒေသခံပြည်သူများ၊ စား သောက်ဆိုင်များနှင့် ပြည်တွင်းဧည့်လမ်းညွှန်များအလုပ်အကိုင်အဆင်ပြေနေကြသည်ဟု သိရပါသည်။

#PAN