ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောက် တန်းရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင် ဘာလ ၂၃ ရက် ညပိုင်းတွင် ဝင်ရောက်ကာ ဒေသခံတစ်ဆယ်ဦးကျော်ကို ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ်တစ်သောင်းဖြင့် ပြန်ရွေးခိုင်းသည်ဟု Delta News Agency က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ် မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျေး ရွာအတွင်း အကြမ်းဖက်သမားများ ဝင်ရောက်မှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂၃ ရက်နေ့ ညပိုင်းတွင် ကျောက် တန်းရွာသို့ ဝင်ရောက်ရှာဖွေရာ ဖောက်ခွဲဖျက်ဆီးမှုနှင့်ပတ်သက်သည့် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဒေသခံများအား ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက် အားပေးမီဒီယာများမှ ဖြစ်စဉ်၊ ဖြစ်ရပ်များကို အခြေခံ၍ မိမိတို့လိုရာဖန်တီးရေးသားပြီး ဒေသခံပြည်သူများမှ လုံခြုံ ရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွှဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
#PAN