ဧရာဝတီတိုင်းဒေသကြီး၊ ကွင်းကောက်မြို့၊ အမှတ်(၅)လေ့ကျင့်ရေးတပ်ရှေ့ ဖြတ်သန်းသည့် မော်တော်ယာဉ်မှန်သမျှကိုစစ်ဆေးပြီး ငွေတောင်းယူနေကြောင်း မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၅

      ဧရာဝတီတိုင်းဒေသကြီး၊ ကွင်းကောက်မြို့အနီးရှိ အမှတ်(၅) လေ့ကျင့်ရေးတပ်ရှေ့သို့ ဖြတ်သန်းမောင်းနှင်သည့် မော်တော်ယာဉ်များကို ဒီဇင်ဘာ ၂၃ ရက်နေ့စတင်ပြီး ယာဉ်လိုင်စင်နှင့်ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ်ဆေးကာ ယာဉ် မောင်းလိုင်စင်မရှိသူများအနေဖြင့် ယာဉ်တစ်စီးလျှင်ငွေ ၃၀,၀၀၀ ကျပ် တောင်းခံနေကြောင်း မြို့ခံများထံကသိရသည်ဟု တရားမဝင်အကြမ်းဖက်အားပေး Ayarwaddy Time မှ လူမှုကွန် ရက်စာမျက်မှာများတွင် သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

      အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သက် ဆိုင်ရာနယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ မော်တော်ယာဉ်များအားရပ်တန့်၍ စစ်ဆေးမှုများပြုလုပ်ခြင်းနှင့် ငွေတောင်းခံသည်ဆို သည်မှာ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။

      သို့ဖြစ်၍ မြို့ရွာများ တည်ငြိမ်အေးချမ်းမှုရှိစေရန် လုံခြုံရေးတာဝန်များ ထမ်းဆောင်ပေးလျက်ရှိသော တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများမှ အထင်အမြင်လွဲ မှားစေရန် ရည်ရွယ်ချက်ရှိရှိ တရားမဝင်ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံသတင်းများကို ရေးသား ၍ သွေးထိုးလှုံ့ ဆော်ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

#PAN