ပရီးမီးယားလိဂ်သတင်းများ

ဒီဇင်ဘာ ၂၄

• အန်ဖီးလ်မှာ သရေကျပြန်တဲ့ လီဗာပူးလ်အသင်း

      စနေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ် အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။
      အိမ်ရှင်လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းကို အနိုင်ကစားချင်ပေမယ့် သရေတစ်မှတ်နဲ့သာ ကျေနပ် ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းအတွက် သွင်းဂိုးကို ဆာလတ် ကသွင်းယူပေးခဲ့ပြီး အာဆင်နယ်အသင်းအတွက် ဂါဘာရီ က သွင်းယူပေးခဲ့ပါတယ်။
       သရေရလဒ်ဖြစ်ပေါ်ခဲ့တာကြောင့် အိမ်ရှင် လီဗာပူးလ်အသင်းက အဆင့်(၂)မှာသာ‌ ဆက်လပ်ရပ်တည်ခဲ့ပြီး အာဆင်ဆင်နယ်အသင်းက အဆင့်(၁)မှာ တစ်မှတ်အသာနဲ့ ဆက်လက်ရပ်တည် နေခဲ့ပါတယ်။

• စံချိန်ကောင်းတစ်ခု ရပ်တန့်ခဲ့ရတဲ့ အက်စတွန်ဗီလာ

      ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေတဲ့ အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ မှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။
      ဗီလာအသင်းဟာ ဒီပွဲမှာ အနိုင်မရခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာ တက်လှမ်းနိုင်မယ့် မျှော် လင့်ချက်ကို လက်လွှတ်ခဲ့ရပေမယ့် အခုနှစ် ဖေဖော်ဝါ ရီလကတည်းက တင်ထားခဲ့တဲ့ အိမ်ကွင်း ဗီလာပါ့ခ်မှာ ရှုံးပွဲမရှိ စံချိန်ကောင်းတစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
      ဒါပေမယ့် အက်စတွန်ဗီလာအသင်းရဲ့အိမ်ကွင်း ၁၅ ပွဲဆက်တိုက် အနိုင်ရတဲ့စံချိန်ဟာ အဆင့် ၁၉ နေရာက ရှက်ဖီးယူနိုက်တက်အသင်းနဲ့ အတွေ့မှာ ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

#PAN