ယူကရိန်းအနေဖြင့် ခဲယမ်းအလွန်အမင်း လျော့ နည်းမှုနှင့် ရင်ဆိုင်နေရ

ဒီဇင်ဘာ ၂၄

       ယူကရိန်းအနေဖြင့် ခဲယမ်းများအလွန်အမင်းလျော့နည်းမှုနှင့် ရင်ဆိုင်နေရကြောင်းနှင့် ထိုအခက် အခဲကြောင့် ရုရှားအပေါ်ဆင်နွှဲနေသည့် ၎င်း၏ တန် ပြန်တိုက်စစ်ကို အဟန့်အတားဖြစ်စေကြောင်း Washington Post သတင်းစာက ဖော် ပြထားသည်။

       အမြောက်စစ်သည်များအနေဖြင့် သတ်မှတ်ပစ် မှတ်များကို ထိမှန်အောင်ပစ်ခတ်နိုင်ရေးအတွက် အမြောက်ကျည်ကို အကန့်အသတ်ဖြင့် သုံးနေရကြောင်း၊ သေးငယ်သော ပစ်မှတ်တစ်ခုအတွက် အမြောက်ကျည် ၅ တောင့်မှ ၇ တောင့်အထိသာ အသုံး ပြုခွင့်ရှိကြောင်း ရှေ့တန်းရောက်ယူကရိန်းစစ်သည်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းစာက ဖော်ပြထားခြင်းဖြစ်သည်။

       ထို့ပြင် ရှေ့တန်းရောက်စစ်သည်များမှာလည်း အလွန်မောပန်းနေပြီဖြစ်ကြောင်း၊ ထိုအချိန်တွင် ခဲယမ်းလျော့နည်းမှုက ၎င်းတို့ကို စိတ်ဓာတ်ကျစေကြောင်းနှင့် စစ်ပွဲကို မအောင်မြင်နိုင်ကြောင်း အဆိုပါစစ်သည်က ပြောသည်။

      တစ်ချိန်တည်းမှာပင် ၁၅၅ မီလီမီတာ ယာဉ်ဆွဲအမြောက်များ တပ်ဆင်ထားသော အမြောက်တပ်မဟာ တစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦးကလည်း ၎င်း၏ တပ်ဖွဲ့အနေဖြင့် ယခင်က တစ်ရက်လျှင် အမြောက်ကျည်အတောင့် ၅၀ ဝန်းကျင် အသုံးပြုခွင့်ရှိရာမှ ယခုအခါ ၁၀ တောင့်မှ အများဆုံးအတောင့် ၂၀ သာ အသုံးပြုရတော့ကြောင်း ပြောထားသည်။

       သို့သော် ရုရှားဘက်တွင် ထိုကဲ့သို့ ခဲယမ်းများ လျော့နည်းပြတ်လပ်မှု အခြေအနေမျိုးကို မြင်တွေ့ရခြင်း မရှိကြောင်း Washington Post သတင်းစာက တွေ့ဆုံမေးမြန်းခဲ့သော ရှေ့တန်းရောက်ယူကရိန်းစစ်သည်များက ပြောသည်။

      ယူကရိန်းစစ်ဘက်သည် ဇွန်လမှစ၍ ရုရှား၏ ခံစစ်စည်းကို ထိုးဖောက်ရန်ကြိုးစားခဲ့သော်လည်း စစ်သည် အင်အား ၁၆၀,၀၀၀ ခန့်ကို ဆုံးရှုံးခြင်းမှလွဲ၍ မည်သည့်ရလဒ်မျှ ထွက်ပေါ်လာခြင်းမရှိကြောင်း ရုရှားတာဝန်ရှိသူများက ပြောထားကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN