စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ရရှိထား

ဒီဇင်ဘာ ၂၄

      ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာ လ ၁၅ ရက်အထိ ပြည်ပသို့ စက်မှုကုန် ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၁ ဘီလီယံ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရပါသည်။ အဆိုပါ ပို့ကုန်ရ‌ငွေ ပမာဏမှာ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်း ယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆ ဘီလီယံကျော် လျော့ကျနေကြောင်းလည်း အဆိုပါစာရင်းများအရ သိရပါသည်။

       ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ စက်မှုကုန်ချောတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၁ ဘီလီယံကျော်နှင့် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၉ ဘီလီယံကျော် ရရှိခဲ့ခြင်းဖြစ်ပါသည်။

       စက်မှုကုန်ချောတင်ပို့မှုတွင် ချုပ်ပြီးအထည်တင်ပို့မှု၊ သကြား၊ သဘာဝဓာတ်ငွေ့နှင့် အခြားစက်မှုကုန် ကြမ်း ပစ္စည်းများကို တင်ပို့လျက်ရှိပါသည်။ ပြည်ပသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက် ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများကို တင်ပို့နေပြီး စက်မှုကုန်ချောတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အများဆုံးရရှိထားခြင်း ဖြစ်ပါ သည်။

      မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် ၁၀ မျိုးတွင် စက်မှုကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမနေရာတွင်ရှိနေပြီး အခြားစက်မှု ကုန် ချောပစ္စည်းများဖြစ်သည့် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့ အစရှိသည့် ကုန်ပစ္စည်းများပါဝင်ကြောင်း သိရပါသည်။

#PAN