သံဖြူဇရပ်မြို့နယ် ၊ မူးယစ်ဆေးဝါးများအားသုံးစွဲရောင်းချရန် လက်ဝယ်ထားရှိသယ်ဆောင်သူအမျိုးသား ၁ ဦး ဖမ်းဆီးအရေးယူ

ဒီဇင်ဘာ ၂၃

ယမန်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ စခန်းကြီးကျေးရွာဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မူးယစ်ဆေးဝါးများသယ်ယူ ပို့ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ၊ ရေး-သံဖြူဇရပ် ကားလမ်း၊ဝယ်ဝင်္ကရာတံတားထိပ်တွင် စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ဖမ်းဆီးရန်စောင့်ဆိုင်းနေစဉ်
အမည်မသိ အမျိုးသား ၁ ဦး စီးနင်းမောင်းနှင်လာသည့် WAVE 110 အမျိုးအစား ၊ ငှက်ခါးရောင်ဆိုင်ကယ်(လိုင်စင်စိစစ်ဆဲ)အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသူမှာ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက် ၊ အောင်သာယာလမ်းသွယ်နေ ထူးထက်ပိုင် (၂၁)နှစ်(ဘ)ဦးသောင်း ၊ မပတ(ရှိ/မမှတ်မိ)၊ မွန်+ဗမာ/ဗုဒ္ဒ၊ ကျပန်း ဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်နှင့် ဆိုင်ကယ်အားရှာ ဖွေရာ ၎င်း၏ခါးတွင်ချိတ်ထားသော XSJ တံဆိပ်ပါ ဇစ်ဆွဲအိတ်ငယ်အတွင်းတွင် အဖြူရောင်ပလပ်စတစ်စဖြင့် ထုတ်ပိုးထားသော WY စာတန်း ပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၅)ပြား၊ အလေးချိန်(၁.၅)ဂရမ် ၊ ကာလတန်ဖိုး (၁)ပြားလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် (၄၅၀၀၀)ကျပ်အား ရှာဖွေတွေ့ရှိသဖြင့်
သိမ်းဆည်းဖမ်း ဆီးခဲ့ကြောင်း ၊သိမ်းဆည်းရမိသောမူးယစ်ဆေးဝါးများ
နှင့်ပတ်သက်၍ ထူးထက်ပိုင်အား ဆက်လက်စစ်ဆေးရာ ၎င်းသည် ဆိုင်ကယ်ဖြင့် ဒီဇင်ဘာ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်တွင် စခန်းကြီးကျေးရွာအနီးရှိ ရာဘာတောထဲရှိ ကရင်အမျိုး သား ၊ အသားလတ်၊ အသက်(၄၉)နှစ်ခန့်ရှိ ၊ စကားပြောဝဲ ၊လူကြီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြားအားကာလတန်ဖိုး ၃၀၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ပြန်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ယင်းနေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးများအားသုံးစွဲရောင်းချရန် လက်ဝယ်ထားရှိသယ်ဆောင်သူ ထူးထက်ပိုင်ကို သံဖြူဇရပ်မြို့မရဲစခန်းမှ မယ(ပ)၈၀/၂၀၂၃၊မူး/စိတ်ပုဒ်မ-၁၆(ဂ)ဖြင့် အမှုရေး
ဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းရှိကြောင်း သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews