ရှမ်းပြည်နယ်အတွင်း ဆိုလာလျှပ်စစ်နှင့် ရေအားလျှပ်စစ်ကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် ဆောင် ရွက်ရန် စီစဉ်

ဒီဇင်ဘာ ၂၃

      ရှမ်းပြည်နယ်အတွင်း ဆိုလာလျှပ်စစ်ဓာတ်အား ပေးရေးလုပ်ငန်းနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအနေနှင့် ဆောင်ရွက်ရန် ခွင့်ပြုမိန့်ရရှိအောင် စီမံဆောင်ရွက်နေသည်ဟု ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။

      ရှမ်းပြည်နယ် စိုက်ပျိုးရေးကဏ္ဍ၌ အအေးခန်းသိုလှောင်ရုံ၊ အခြောက်ခံသန့်စင်စက်ရုံတို့ ရင်းနှီးမြှုပ် နှံရန် ရှိနေပြီး ဟိုတယ်လုပ်ငန်းများမှာလည်း ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်ရန်ရှိသည်ဟု သိရပါသည်။

      ရှမ်းပြည်နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်၏ ခွင့်ပြုမိန့်ဖြင့် လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၃၄၇ သန်းတန်ဖိုးရှိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတစ်ခု ဝင်ရောက်ထားပြီး အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၀၅ သန်းအပါ အဝင် ကျပ်ငွေသန်းပေါင်း ၂၅၆,၀၀၀ ကျော်တန်ဖိုးရှိ သကြားထုတ်လုပ်ရောင်းချသည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု တစ်ခုတို့ကိုလည်း ခွင့်ပြုခဲ့ပါသည်။

       ထို့အပြင် ကာလတူအတွင်း ပြည်နယ်ရင်းနှီးမြှုပ် နှံမှုကော်မတီကလည်း နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှု နှစ်ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု နှစ်ခုတို့ကို ခွင့်ပြုခဲ့ပါသေးသည်။ ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ် နှံမှု လုပ်ကိုင်မည်ဆိုလျှင် ဝင် ငွေခွန်ကို ၅ နှစ်မှ ၇ နှစ်အထိ ကင်းလွတ်ခွင့်ပေးထားသည်ဟု သိရပါသည်။

#PAN