ပရီးမီးယားလိဂ်သတင်းများ

ဒီဇင်ဘာ ၂၃

• ဖလား ၅လုံး ပိုင်ရှင်ဖြစ်လာတဲ့ မန်စီးတီးအသင်း

      ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ဖလူမီးနိစ်အသင်း တို့ ယှဉ်ပြိုင်ကစား ခဲ့ကြပြီး မန်စီးတီးအသင်းက ဖလူမီးနိစ်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီ ယံဖြစ်ခဲ့ပါတယ်။
      မန်စီးတီး အသင်းအတွက် သွင်းဂိုးတွေကို အယ်လ်ဗာရက်ဇ် က ၂ ဂိုး၊ နီနို နဲ့ ဖိုဒန် တို့က တစ်ဂိုးစီသွင်းယူခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ဖီဖာကလပ်ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

• ဂျရတ် ဘရန့်ဝေ့တ် ကို ပေါင်သန်း ၁၀၀ နဲ့ စျေးနှုန်းသတ်မှတ်လိုက်တဲ့ အဲဗာတန်အသင်း

      အဲဗာတန်အသင်းဟာ အင်္ဂလန်နောက်ခံလူ ဂျရတ် ဘရန့်ဝေ့တ် ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
ဘရန့်ဝေ့တ် ဟာ ယခုရာသီတွင်မှ အဲဗာတန်အသင်းရဲ့ အမာခံကစားသမားအဖြစ် ခြေစွမ်းပြခွင့် ရရှိလာသူ ဖြစ်ပြီး မန်ယူအသင်းက ပစ်မှတ်ထားနေပါတယ်။ ဒါကြောင့် အဲဗာတန်အသင်းက ဘရန့်ဝေ့တ် အတွက် ပေါင်သန်း ၁၀၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းမှုကိုသာ လက်ခံစဉ်းစားသွားမယ်လို့ စျေးနှုန်းသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

• လူးဝစ်မိုင်လေကို သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ နယူးကာဆယ်အသင်း

      နယူးကာဆယ်အသင်းဟာ ဆယ်ကျော်သက်ကွင်းလယ်ကစားသမား လူးဝစ်မိုင်လေ ကို ကာလရှည် သက်တမ်း တိုးစာချုပ် ချုပ်ဆိုသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
      လူးဝစ်မိုင်လေ ရဲ့ လက်ရှိစာချုပ်က ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်မြောက် ပြီးမှသာ ကာလရှည် စာချုပ်ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နယူးကာဆယ်အသင်းက လာမည့်နွေရာသီမှာ သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
       အသက် ၁၇ နှစ်အရွယ်ရှိ လူးဝစ်မိုင်လေ သည် ပရီးမီးယားလိဂ်၏ အသက်အငယ်ဆုံးဂိုးသွင်းသူများထဲတွင် ပါဝင်လာသူဖြစ်ပြီး နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။

#PAN