ဂျာမနီသည် ယူကရိန်းသို့ နောက်ထပ် စစ်ဘက်ဆိုင်ရာ အကူအညီများ ပေးပို့

ဒီဇင်ဘာ ၂၃

      ယူကရိန်းသည် ဂျာမနီနိုင်ငံထံမှ စစ်လက်နက် ပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များ ထပ်မံတင်ပို့မှု လက်ခံရရှိခဲ့သည်ဟု ဂျာမန်ဖက်ဒရယ်အစိုးရ၏ ဝဘ်ဆိုက်ကို ရည်ညွှန်းပြီး Ukrinform မှ အစီရင်ခံထား သည်။

       ယူကရိန်းအား ဂျာမဏီ ဖက်ဒရယ် သမ္မတ နိုင်ငံမှ ပေးအပ်သည့် စစ်ရေးအကူအညီများစာရင်းတွင် အပို ပစ္စည်းများပါသည့် GEPARD လေယာဉ်သုံးသေနတ်များနှင့် ၎င်းတို့အတွက် အမြောက်ကျည် ၃၀,၀၀၀ ကျော် ပါဝင်သည်။  LEOPARD 2 A6 အတွက် ခဲယမ်း မီးကျောက်များ၊ ၁၅၅ မီလီမီတာ ကျည် ၂၅၀၀ တောင့်၊ 40mm ကျည် ၂၅,၅၀၀ တောင့်၊ VECTOR 10 ကင်း ထောက်ဒရုန်း  အပိုပစ္စည်းများ၊  ရဟတ်ယာဉ်များအတွက် AMPS ကိုယ်တိုင်ကာကွယ်မှုစနစ်နှစ်ခုတို့ ပါ ဝင်သည်။

      ထို့အပြင် ယူကရိန်းသည် WISENT 1 မိုင်းရှင်းလင်းရေး တင့်ကားနှစ်စင်း၊ နယ်စပ်ကာကွယ် ရေးယာဉ် နှစ်စီး၊  Zetros ထရပ်ကား ရှစ်စီး၊ 8×8 HX81 ထရပ်ကားထွန်စက်ရထား နှစ်စင်းနှင့် တစ်ပိုင်းတွဲယာဥ် ငါးစီး၊ (ထရပ်ကားများ၊ မီနီဘတ်စ်များ၊ မြေပြင်ယာဉ်များ) ပါဝင်သည့် စုစုပေါင်းယာဥ် ရှစ်စီး တို့​ကို လက်ခံရရှိခဲ့ပြီး ဂျာမနီဘက်ကလည်း ဆေးဝါးပစ္စည်းများထောက် ပံ့ပေးခဲ့သည်ဟု ဆိုသည်။

       ရုရှားကျူးကျော်မှုစတင်ကတည်းက ဂျာမနီသည် ယူကရိန်းအတွက် စစ်ရေးအကူအညီ ယူရို ၆ ဘီလီယံခန့် ထောက်ပံ့ပေးခဲ့ကြောင်း Ukrinform သတင်းဌာနက ဖော်ပြထားသည်။

#PAN