သံဖြူဇရပ်မြို့တွင် အကြမ်းဖက်မှုအား လူမှုကွန်ယက်တွင် အကြမ်းဖက်မှုအားပေးလှုံဆော်ခြင်း၊ငွေကြေးထောက်ပံ့ခြင်း ပြုလုပ်သူ အမျိုးသား ၄ ဦးကို ဖမ်းဆီးအရေးယူ

ဒီဇင်ဘာ ၂၃

      မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် အကြမ်း ဖက်မှုများဖြစ်ပွားလာစေရန် လှုံဆော်မှုများ၊ အကြမ်းဖက် PDF များကို ငွေကြေးထောက်ပံ့ကူညီခြင်းများ ပြုလုပ်သူ အမျိုးသား ၄ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)/ ၅၂(က)တို့ဖြင့် ယမန်နေ့က အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

      သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်နေ သန်းဇော်(ခ)ကြက်ခုတ်၊ ၄၇ နှစ်၊ (ဘ)ဦးခင်သိန်း၊ စက်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ၊ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်၊ ရာဇဓိရာဇ်လမ်းသွယ်(၁)နေ အောင်မြင့် (ခ)ဦးမုန်း၊ ၆၁ နှစ်၊ (ဘ)ဦးကွန်ရွှေ၊ မှီခို၊ သံဖြူဇရပ်မြို့၊ အောင် မင်္ဂလာရပ်ကွက်၊ (၁)လမ်း၊ အိမ်အမှတ်(၁)နေ ဖေမြင့်၊ ၇၀ နှစ်၊(ဘ)ဦးကျော်အောင်၊ ဈေးရောင်း နှင့် သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်၊ ချမ်းမွန်လက်ဖက်ရည်ဆိုင်နေ ချမ်းမွန်၊ ၅၀ နှစ်၊(ဘ)ဦးငြိမ်းထွန်း တို့ ၄ ဦးကို ယမန်နေ့ ​ညနေ ၆ နာရီခွဲအချိန်ခန့်တွင် နယ်မြေခံတပ်နယ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရပါသည်။

အောင်မြင့် (ခ)ဦးမုန်း၊ ၆၁ နှစ်၊ (ဘ)ဦးကွန်ရွှေ

       ထိုသို့ ခေါ်ယူစစ်ဆေးရာ သန်းဇော်(ခ)ကြက်ခုတ် မှာ ၁ – ၂ – ၂၀၂၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာအားထိန်းပြီးနောက်ပိုင်း သံဖြူဇရပ်မြို့ပေါ် တရားမဝင်ဆန္ဒပြပွဲများတွင် ကိုယ် တိုင် ၃ ကြိမ်ခန့် ပါဝင်ခဲ့ကြောင်း လူမှုကွန်ယက်စာမျက် နှာ Face book accountတွင် Minchit Thu အမည်ဖြင့် နိုင်ငံတော်အကြီးအကဲများအား စော်ကားသည့်စာသားများ ခြိမ်းခြောက်သည့် စာသားများ ရေးသားဖြန့်ဝေခြင်း၊ အများပြည်သူထိတ် လန့်စေရန် ရည်ရွယ်၍ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခြင်းများ စစ်ဆေးပေါ်ပေါက်ခဲ့သည်။

      အလားတူ အောင်မြင့် (ခ) ဦးမုန်း သည် အကြမ်း ဖက်အဖွဲ့ဝင်များနှင့် ဆက်နွယ်ပြီးအကြမ်းဖက်အဖွဲ့များထံသို့ ငွေကျပ် ၁ သိန်းအားထောက်ပံ့ပေးခဲ့ကြောင်း၊ ဖေမြင့် သည် ဩစတေးလျနိုင်ငံနေ သမီးဖြစ်သူ အေးမြင့်ဝင်း(အကြမ်း ဖက်အဖွဲ့အား ထောက်ပံ့နေသူ)နှင့် ဆက်သွယ်ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (ပထမ)အပါတ်တွင်ငွေ ၃၀၀၀၀ ကျပ်၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယ)အပါတ်တွင် ငွေ ၃၀၀၀၀ ကျပ်၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထ)အပါတ်တွင် ငွေ ၂၀၀၀၀ ကျပ် တို့အားထောက်ပံ့ပေးခဲ့ကြောင်း၊ ချမ်းမွန် သည် အကြမ်းဖက်အဖွဲ့များနှင့်ဆက်နွယ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ငွေ ၁၀၀၀၀ ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်ဟု ဆိုသည်။

      ထိုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားလာစေရန် လှုံဆော်မှုများပြုလုပ်သူ သန်းဇော်(ခ)ကြက်ခုတ် ကို ရာဇသတ်ကြီးပုဒ်မ-၅၀၅-က ဖြင့်လည်း ကောင်း၊ အကြမ်းဖက် PDF များကို ငွေကြေး ထောက်ပံ့ကူညီခြင်းများ ပြုလုပ်သူများဖြစ်ကြသော အောင်မြင့် (ခ) ဦးမုန်းဖေမြင့် နှင့် ချမ်းမွန် တို့ သုံးဦးကို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀ (ည) / ၅၂(က) ဖြင့်လည်း ကောင်း သံဖြူဇရပ်မြို့မရဲစခန်းတွင် အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN