PDF အမည်ခံအကြမ်းဖက်သမားများက လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦးဒဏ် ရာရရှိ

ဒီဇင်ဘာ ၂၂

      တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ရှိ စစ်မှု ထမ်းဟောင်းအဖွဲ့ရုံးအား ယနေ့နံနက် ၉ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက် ဆီး ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားစဉ် မြို့ပြင်အရောက်၌ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၈ ဦး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

        ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများ သည် လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးသွားပြီး ပြန်လည်ဆုတ် ခွာထွက်ပြေး သွားစဉ် လောင်းလုံးမြို့၏ အရှေ့ တောင်ဘက်မီတာ ၁၁၀၀ ခန့်အကွာမှ လောင်းလုံးမြို့အတွင်းသို့ လက် လုပ်စိန်ပြောင်းများဖြင့် ပစ် ခတ်ခဲ့ရာ (ခ)ရပ်ကွက်၊ အောင်ချမ်းသာဘုရားကြီးအနီးရှိ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်း လျားသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အဆို ပါ အလုပ်သမားတန်းလျားတွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူ အမျိုးသား တစ်ဦးနှင့် အမျိုး သမီး တစ်ဦးတို့ သေဆုံးကာ အပြစ်မဲ့ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦး ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

        အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များက လောင်းလုံးမြို့မှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။

      ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများ ၏ လူမဆန်သော လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများအပေါ် ဒေသခံပြည်သူ များအနေဖြင့် ရွံရှာမုန်းတီးလျက်ရှိကြောင်းနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN