အသင်းသမိုင်းမှာ မရဖူးသေးတဲ့ ကလပ်ကမ္ဘာ့ဖလားကို ရယူသွားမယ်လို့ ဆိုတဲ့ ဂွါဒီယိုလာ

ဒီဇင်ဘာ ၂၂

      မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က အသင်းသမိုင်းမှာ မရဖူးသေးတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ရယူသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

      မန်စီးတီးအသင်းဟာ ဒီဇင်ဘာလ ၁၉ ရက်က ကစားတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ဂျပန်ကလပ် အူရာဝရတ်အသင်းကို ၃ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာ ဘရာဇီးလ်ကလပ် ဖလူမင်နန်ဆီအသင်းနှင့် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

      မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ တစ်သက်မှာတစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးဖြစ်ပြီး အသင်းသမိုင်းမှာ မရဖူးသေးတဲ့ဖလားကို ရယူရန် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းဟာ အခုဖလားကိုရရှိပါက တစ်နှစ်အတွင်း ဖလား ၅ လုံးရရှိတဲ့ စံချိန်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။

#PAN