လာမည့်နှစ်တွင် ထိုင်းဈေးကွက်သို့ ပြောင်းတန်ချိန် တစ်သန်းကျော်ထိ တင်ပို့သွားမည်

ဒီဇင်ဘာ ၂၂

      လာမည့် ၂၀၂၄ ခုနှစ်မှာ ထိုင်းဈေးကွက်တစ်ခုတည်းကို ပြောင်းတန်ချိန် တစ်သန်းကျော်ထိ တင်ပို့သွားဖို့ စီစဉ်ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းကနေ သိရပါသည်။ ၂၀၂၃ ခုနှစ်မှာ မြန်မာ ပြောင်းတန်ချိန် တစ်သန်းခွဲခန့်ကို ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံ ငါးနိုင်ငံကို တင်ပို့ထားပြီး ထိုင်းနိုင်ငံက အများဆုံးဝယ်ယူခဲ့ပါ သည်။

       မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းကအဓိကတင်ပို့ပြီး ပင်လယ်ရေ ကြောင်းမှ တစ်ဆင့်လည်း တင်ပို့ သည်ဟု သိရပါ သည်။ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက ၁ ဒသမ ၂ သန်းခန့်ရှိပြီး ၅၅ ရာခိုင်နှုန်းခန့်ကို ရှမ်းပြည်နယ်တွင် စိုက်ပျိုးကာ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ကရင်ပြည် နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှာလည်း စိုက်ပျိုးလျက်ရှိပါသည်။ ပြောင်းစိုက်ခင်းများမှ ထွက်ရှိမှု တန်ချိန်က ၂ ဒသမ ၆ သန်းခန့်ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းကို ပြည်တွင်း အသုံးပြုပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိပါသည်။

#PAN