မြိုင်မြို့နယ်အတွင်း အ.မ.က ကျောင်း တစ်ကျောင်းအတွင်း PDF များ သိုဝှက်ထားသော လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် ဖော်ထုတ်သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၂

    မ​ကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စောင်ကျမ်းကုန်းရွာရှိ အ.မ.က ကျောင်းအတွင်း၌ အကြမ်းဖက် PDF များက လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း သိမ်းဆည်းထားကြောင်း တာဝနိသိပြည်သူများ၏ လျှို့ဝှက် သတင်းပေးပို့လာခဲ့ရာ ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

      ထိုသို့ ဝင်ရောက်ရှင်းလင်းရာမှ အ.မ.က ကျောင်းအတွင်းမှ အကြမ်းဖက် PDF များ သိုဝှက်ထားသော လက်လုပ်စိန်ပြောင်း ၃ လက်၊လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၈ လုံး၊Drop Bomb ဗုံးသီး ၂ လုံး၊ ရီမု ၁ ခု၊ နီ/နက်ဝါယာကြိုး ၁ ခွေ၊ ယမ်းပျော့ ၃ ထုပ်၊ ဘက္ထရီအို့ ၅ လုံး၊ ဆိုလာပြား ၁ ချပ်တို့ကို  သိမ်းဆည်းရမိကြောင်း သိရပါသည်။

      လက်ရှိကာလတွင် နယ်မြေမအေးချမ်းမှုများကြောင့် ဒေသခံရွာသူ ရွာသားများအနေဖြင့် ငွေကြေးကြပ်တည်နေချိန်တွင် အကြမ်းဖက် PDF များသည် ကျေး ရွာများမှ ရွာသူရွာသားများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ရိက္ခာကောက်ခံခြင်းများ လစဥ် ပြုလုပ်လျှက်ရှိရာ ဒေသခံများက ၎င်းတို့အပေါ် မလိုးလားကြတော့ဘဲ ၎င်းတို့နှင့် ပတ်သက်သည့်သတင်းများကို နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့များသို့ လျှို့ဝှက် သတင်းပေးပို့လျှက်ရှိကြောင်း သိရပါသည်။

#PAN