မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင်  တိုင်းမှူး၊ ဒုတိုင်းမှူး နေအိမ်နှင့် အမျိုးသမီး စစ်သည်အဆောင်ကို ထိမှန်ပြီး စစ်တပ်ဘက်မှ ရာထူးကြီးအဆင့် ၁ ဦး သေ ဆုံး ဟု သတင်းတု သတင်းမှားများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိ

ဒီဇင်ဘာ ၂၂

    မန္တလေးမြို့၊ နန်းတွင်း(နန်းမြို့)ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက်သမားများမှ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ တိုင်း မှူး၊ ဒုတိုင်းမှူး နေအိမ်များနှင့် စစ်သည်အမျိုးသမီးအဆောင်ကို ထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ ရာထူးကြီး အဆင့် ၁ ဦး သေဆုံးခဲ့သည်ဟု အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက် မီဒီယာ တစ်ခုဖြစ်သည့် Khit Thit Media က မဟုတ်မမှန်ကောလာဟလ သတင်းတုသတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေး သားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၂ နာရီခွဲချိန်တွင် နန်းမြို့အတွင်းသို့ အကြမ်းဖက်သမားများမှ လက်လုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ ပုသိမ် ကြီးမြို့နယ်၊ စက်ရိပ်(မြောက်)ကျေးရွာရှိ မြေကွက် လပ်သို့ ရှော့တိုက်ဒုံးများကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှု မရှိကြောင်းသိရှိရပါသည်။

          သို့ဖြစ်ပါ၍ အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် မှန်ကန်မှုမရှိသည့် ကောလာဟလ သတင်းများဖြင့် မြို့၊ ရွာများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူများမှ ကြောက်ရွံ့ထိတ်လန့်မှုများဖြစ်ပေါ်လာစေရန်အတွက် သတင်းတု သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

#PAN