မန္တလေးတွင် ဒေသကာလတန်ဖိုးငွေ ကျပ် ၁၀.၂၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၂

      မန္တလေးတိုင်းဒေသကြီး ၊ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နေအိမ် ၂ အိမ်မှ ကာလတန်ဖိုးငွေ ကျပ် ၁၀.၂၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဒီဇင်ဘာလ ၁၅ ရက်နေ့က မူး ယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

       ဖြစ်စဥ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်း တည့် ၁၂ နာရီအချိန်ခန့်တွင် ချမ်းမြသာစည်မြို့ နယ်၊မြရည်နန္ဒာရပ် ကွက်၊(၄၉ x ၅၀)လမ်းကြားက၊အောင်ကျော်မိုး၊မသိင်္ဂီဝင်းနှင့်၊မအေးသီတာတို့၏ နေအိမ်ကို သတင်းအရရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း)  ၄ ကီလို၊ စိတ်ကြွရူး သွပ်ဆေးပြား  ၈၀၅၀ ပြားနှင့် မော်တော် ဆိုင်ကယ် ၂  စီးတို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ (၆၆) လမ်း၊(၁၁၁x၁၁၂) လမ်းထောင့်ရှိ အောင်ထွေး ငှားရမ်းထားသည့် နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း)   ၁၂ဝ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅.၁၄ သိန်း၊ ဘိန်းဖြူ  ၄ဝ.၇ ကီလို ထပ်မံသိမ်း ဆည်းရမိခဲ့ရာ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ်  ၁၀.၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)    ၁၂၄ ကီလို၊စိတ်ကြွရူးသွပ်ဆေးပြား   ၄၅.၂၂ သိန်း၊ ဘိန်းဖြူ  ၄ဝ.၇ ကီလို၊သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရပါသည်။

     မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများကို မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN