မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၂

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့က အကြမ်း ဖက်သောင်းကျန်းသူများမှ ၄၀ မမဗုံးသီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်း ကျရောက် ပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်စာ မျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ မြင်းခြံမြို့ နယ်၊ ကုက္ကဲရဲစခန်းမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မည်သည့်ဗုံးကွဲမှုနှင့် လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲမှု မရှိခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

      တရားမဝင်ပြည်ဖျက်မီဒီယာများသည် လူမှုကွန် ရက်စာမျက်နှာများကို အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထင်ယောင်ထင်မှားဖြစ်စေရန် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေး သားပြီး အကြမ်း ဖက်လုပ်ရပ်များကို အားပေးအားမြှောက် ပြုလုပ်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN