နျူကလီးယားဖြင့် ရန်စလာလျှင် နျူကလီးယားဖြင့် လက်တုံ့ပြန်မည်ဟု ကင်ဂျုံအန် ကတိပြု

ဒီဇင်ဘာ ၂၂

      နျူကလီးယားဖြင့် ရန်စလာမှုများကို နျူက လီးယားဖြင့် လက်တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြောက်ကိုးရီးယားခေါင်း ဆောင် ကင်ဂျုံအန် က ပြောသည်ဟု နိုင်ငံပိုင် KCNA သတင်းဌာန ကဖော်ပြ ထားသည်။ ကင်ဂျုံအန်သည် ဒီဇင်ဘာ လ ၂၀ ရက်တွင် စစ်ဘက်ထိပ်တန်းအရာရှိများနှင့် အစည်းအဝေးပြုလုပ်စဉ် ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။

     အဆိုပါအစည်းအဝေးတွင် ပါဝင်သူများသည် Hwasong-18 အမြင့်ပျံဒုံးကျည် စမ်းသပ်ပစ် ခတ်မှုတွင် ပါဝင်ခဲ့သူများဖြစ်ပြီး ကင်ဂျုံအန် က ဒုံးတပ်ဖွဲ့၏ တိုက်ပွဲဝင်စွမ်းဆောင်ရည်က အမြင့်ဆုံး သော လှုပ် ရှားမှုနှင့် အမြန်ဆုံးသော တိုက် ခိုက်မှုအထိ ဖြစ်ပေါ် လာနေပြီကို တွေ့ရကြောင်း ကင်ဂျုံအန် က ပြော သည်။

       မြောက်ကိုရီးယားသည် Hwasong-18 အမြင့်ပျံ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ဒီဇင် ဘာလ ၁၈ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဒုံးကျည်သည် ဂျပန်အထူးစီးပွားရေးဇုန်အပြင်ဘက်ရှိ ဂျပန်ပင်လယ်ပြင်အတွင်း သို့ ကျရောက်သွားကြောင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားအနေဖြင့် ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် ကိုရီးယားကျွန်းဆွယ်ဒေသ၌ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ လုပ်ဆောင်ချက်များအပေါ် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု KCNA သတင်းဌာနတွင် ဖော်ပြထားကြောင်း Sputnik သတင်းဌာနမှ သိရသည်။

#PAN