နတ်တလင်းမြို့နယ်နှင့် တမူးမြို့နယ်တို့တွင် တပ် မတော်စစ်ကြောင်းများနှင့် အကြမ်းဖက်သောင်း ကျန်းသူ PDF အဖွဲ့ တိုက်ပွဲများဖြစ်ပွားရာ PDF အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၂

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာအနီးတွင် ယမန်နေ့က  တပ်မတော်စစ်ကြောင်းများမှ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကျေးရွာ၏ မြောက်ဘက် အရောက်မသင်္ကာဖွာရာ တဲ ၄ လုံးတွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ ထိတွေ့မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ PDF များ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

      အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာကို အသေး စိတ်ရှင်းလင်းရာ အကြမ်းဖက်သောင်းကျန်းသူ PDF အလောင်း ၄ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၉ တောင့်၊ လက်လုပ်မိုင်း ၃ လုံး၊ဆိုင်ကယ် ၃ စီး၊ တဲ ၄ လုံး သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်စစ် ကြောင်းဖက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။

     ထို့နောက် အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာမှ အကြမ်းဖက် PDF ဆုတ်ခွာရာနောက်သို့ လိုက်လံချေမှုန်းရာ တိုက်ပွဲနေရာ၏ အရှေ့မြောက်ဘက်၌
အကြမ်းဖက်သူ ၂ ဦးမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ တူမီး ၁ လက်၊ ဆိုင်ကယ် ၂ စီးရရှိခဲ့ပြီး ဆက်လက်ရှင်းလင်းရာ ထပ်မံထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်သောင်း ကျန်းသူ PDF အလောင်း ၄ လောင်း၊ လက်လုပ် သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။

       အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ နန်းကထိပ်ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ PDF အင်အားစိစ်ဆဲဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် တပ်မ တော်စစ်ကြောင်းကအကြမ်းဖက် PDF အလောင်း ၇ လောင်း၊ စနိုက်ပါသေနတ် ၇ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN