တာဝန်သိပြည်သူများ၏ လျှို့ဝှက်သတင်းပေး တိုင်ကြားမှုအရ သံဖြူဇရပ်မြို့တွင် အကြမ်းဖက်မှုအားပေးလှုံဆော်သူ၊ ငွေကြေး ၊ ပစ္စည်းနှင့် ဆေးဝါးများထောက်ပံ့ကူညီသူ အမျိုးသား ၃ ဦးကို ဖမ်းဆီးအရေးယူ

ဒီဇင်ဘာ ၂၂

      မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် တာဝန်သိပြည်သူများ၏ လျှို့ဝှက်သတင်းပေး တိုင်ကြားမှုအရ  အကြမ်းဖက်မှုများဖြစ်ပွားလာစေရန် လှုံဆော်မှုများ၊ အကြမ်းဖက် PDF များကို ငွေကြေး ၊ ပစ္စည်းနှင့် ဆေး ဝါးများထောက်ပံ့ကူညီခြင်းများပြုလုပ်သူ အမျိုးသား ၃ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)/ ၅၂(က)တို့ဖြင့် ယမန်နေ့ ​ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရပါ သည်။

       သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်နေသူ ဝေလင်းစိုး(ခ)ဝတုတ်၊ ၃၇နှစ်၊ (ဘ)ဦးစိုးသန်း၊ မွန်/ဗုဒ္ဓ၊ ၁၀/သဖရ(နိုင်)၁၀၁၇၆၈၊ ကျဘမ်းလုပ်ကိုင်သူ ကို နယ်မြေခံတပ်နယ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးရာ ဝေလင်းစိုး (ခ)ဝတုတ်မှာ ၁ – ၂ – ၂၀၂၁ ရက်နေ့တွင် တပ်မ တော်မှ နိုင်ငံတော်အာဏာအားထိန်းပြီး နောက် ပိုင်း သံဖြူဇရပ်မြို့ပေါ် တရားမဝင်ဆန္ဒပြပွဲများတွင် ကိုယ်တိုင် ၁၀ ကြိမ်ခန့်ပါဝင်ခဲ့ကြောင်း၊ လူမှုကွန်ယက်စာမျက်နှာ Facebook Accountတွင် Min Thway အမည်ဖြင့် နိုင်ငံတော်အကြီးအကဲများအား စော်ကားသည့်စာသားများ၊ ခြိမ်းခြောက်သည့်စာသားများ ရေးသားဖြန့်ဝေခြင်း၊ အများပြည်သူထိတ်လန့်စေရန် ရည်ရွယ်၍ ခြိမ်း ခြောက်သည့် စာသားများရေးသားခြင်း၊ ဆန္ဒပြပွဲများတွင် အကြမ်းဖက်မှုဖြစ်ပွားလာစေရန် လှုံဆော်မှုများအား ဖြန့်ဝေခြင်းများ စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

        ထို့အပြင် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ မြစန္ဒာလမ်း၊ အမှတ် (၂၅)နေသူ ထက်နိုင်ဦး(ခ)ဖိုးတို၊ ၃၂ နှစ်၊ (ဘ)ဦးဝင်းဦး၊ မွန်/ဗုဒ္ဓ၊ ၁၀/သဖရ (နိုင်)၁၃၇၂ ၆၈၊ အိမ်အလှဆင်လုပငန်းလုပ်ကိုင်သူကို ခေါ်ယူစစ် ဆေးရာ ထက်နိုင်ဦး(ခ) ဖိုးတိုသည် အကြမ်းဖက်အဖွဲ့ဝင်ဖြစ်သည့် မင်းဇော်ဦး(ခ)မင်းမင်း(သေဆုံး)နှင့် ဆက်နွယ်ပြီး အကြမ်းဖက်အဖွဲ့များထံသို့ ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလတွင် ၃၀၀၀၀ ကျပ်၊ ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလတွင် ၃၀၀၀၀ ကျပ်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လတွင် အနွေးထည် အင်္ကျီ ၁ ထည်နှင့် အရပ်ဝတ်အင်္ကျီ ၁၀ ထည်တို့အား ထောက်ပံ့ပေးခဲ့ကြောင်း စစ် ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

       အလားတူ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ် ကွက်နေ ကျော်စွာထွန်း(ခ)သားငယ်၊ ၄၈ နှစ်၊ (ဘ)ဦးထွန်းအောင်၊ ဗမာ/ဗုဒ္ဓ၊ ၁၀/သဖရ(နိုင်) ၁၂၄၆၃၈၊ အရက်ရောင်းချသည့်လုပ်ငန်း လုပ် ကိုင်သူကို ခေါ်ယူစစ်ဆေးရာ ကျော်စွာထွန်း(ခ) သားငယ်သည် အကြမ်းဖက်အဖွဲ့ဝင်ဖြစ်သည့် မင်းဇော်ဦး(ခ)မင်းမင်း(သေဆုံး)နှင့် ဆက်နွယ်ပြီး အကြမ်းဖက်အဖွဲ့များထံသို့ အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင် လတွင် ၁၀၀၀၀ ကျပ်၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ၁၀၀၀၀ ကျပ်၊ စက်တင်ဘာလတွင် ၁၀၀၀၀ ကျပ်၊ ၂၀၂ ၃ ခုနှစ်၊ အောက်တိုဘာလတွင် ဆန် ၆ ပြည်ပါ တစ်အိတ်နှင့် ဆီ ၁ပိဿာထုပ် ၅ ထုပ်၊ ဆား ၅ ထုပ်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဆန် ၆ ပြည်ပါ ၁ အိတ်၊ ဆီ ၁ ပိဿာထုပ် ၅ ထုပ်၊ ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

      ထိုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားလာစေရန် လှုံဆော်မှုများပြုလုပ်သူ ဝေလင်းစိုး(ခ) ဝတုတ် ကို သံဖြူဇရပ်မြို့မရဲစခန်းမှ (ပ)၁၄၁/ ၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ- ၅၀၅-က ဖြင့်လည်း ကောင်း၊ အကြမ်းဖက် PDF များကို ငွေ ကြေး ၊ ပစ္စည်းနှင့် ဆေးဝါးများထောက်ပံ့ကူညီခြင်းများပြုလုပ်သူများဖြစ်ကြသော ထက်နိုင်ဦး(ခ)ဖိုးတို နှင့် ကျော်စွာထွန်း(ခ)သားငယ် တို့နှစ်ဦးကို သံဖြူဇရပ်မြို့မရဲစခန်း (ပ) ၁၄၀/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)/ ၅၂(က) ဖြင့်လည်းကောင်း အမှုရေးဖွင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN