စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ထပ်မံရောင်းချပေး

ဒီဇင်ဘာ ၂၂

      မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီဇင်ဘာလ ၂၁ ရက်တွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို အမေရိကန် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးထားပြီး ဖြစ်ပါသည်။

      လက်ရှိပြည်ပမှ တင်သွင်းနေရသည့် ကုန်စည်များထဲတွင် စက်သုံးဆီက သွင်းကုန်ပထမဦးစားပေးအဖြစ် ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားပါသည်။ ဗဟိုဘဏ်အနေနှင့် Online trading ငွေလဲလှယ်နှုန်းကို ယခင် ၂,၉၂၀ ကျပ်နှုန်းနှင့် သတ်မှတ်ထားရာမှ Market rate အတိုင်း ဒီဇင်ဘာလ ၅ ရက်ကစတင်ပြီး လွတ် လပ်စွာရောင်းဝယ်ခွင့်ပြုထားခြင်း ဖြစ်ပါသည်။

       ထို့အပြင် ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန် ရငွေထက်ဝက်ကို ၂,၁၀၀ ကျပ်နှင့် သတ်မှတ်ထားရာမှ ၃၅ ရာခိုင်နှုန်းအထိသာ ပေးသွင်းရန် ဖြေ လျှော့ပေးထားပါသည်။

#PAN