ဂျပန်ရောက်မြန်မာလုပ်သားများအတွက် ဝင်ငွေခွန်သတ်မှတ်ထုတ်ပြန်

ဒီဇင်ဘာ ၂၂

      ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေသည် မြန်မာလုပ် သားတွေ၏ လစာဝင်ငွေအပေါ် ပေးဆောင်ရမည့် ဝင်ငွေခွန်ကို သတ်မှတ်လိုက်သည် တိုကျိုမြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာလ ၂၁ ရက်မှာ အသိပေးကြေညာထားပါသည်။

      ဂျပန်နိုင်ငံမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအတွက် တစ်လပျမ်းမျှဝင်ငွေကို ယန်း နှစ်သိန်း သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ယန်း လေးထောင် သတ်မှတ်သွားမည် သိရပါ သည်။ ဝင်ငွေခွန် ယန်းလေးထောင်အနက် သက်သာ ခွင့်အဖြစ် ယန်း နှစ်ထောင် သတ်မှတ်ပေးမှာဖြစ်သည့်အတွက် ယန်းနှစ်ထောင်သာ ပေးဆောင်ရမည်ဟု သိရပါသည်။

      သတ်မှတ်ထားတဲ့ တစ်လပျမ်းမျှဝင်ငွေ ယန်း နှစ်သိန်း ထက် လျော့နည်းရရှိသူတွေအနေနှင့် အထောက် အထားများနှင့် တင်ပြလာပါက ၎င်းတို့အတွက် တစ်လပျမ်းမျှဝင်ငွေကို ယန်းတစ်သိန်းခွဲ သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ယန်း သုံးထောင် သတ် မှတ်သွားမှာ ဖြစ်သည်ဟု ကြေညာချက်မှာ ဖော်ပြထားပါသည်။

       ဝင်ငွေခွန် ယန်း သုံးထောင်တွင် သက်သာခွင့်ကို ယန်း နှစ်ထောင်သတ်မှတ်ပေးမှာဖြစ်သည့်အတွက်လည်း လစဉ် ဝင်ငွေခွန် အဖြစ် ယန်း တစ်ထောင် ပေးဆောင်ရမည်ဟု ဖော်ပြပါရှိပါသည်။

       ထို့အပြင် တိုကျိုမြို့ မြန်မာသံရုံးအနေနှင့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ ပြေစာအထောက် အထားတွေ ထုတ်ပေးမှာဖြစ်သလို အခွန်ထမ်းနိုင်ငံသားများက သတ်မှတ်ကာလတစ်ခုအတွင်း သံရုံးမှာ ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ အထောက် အထား လက်မှတ်ထုတ်ပေးရန် လျှောက်ထားလာပါက ဝင်ငွေခွန်ပမာဏ၊ ပျမ်းမျှဝင်ငွေ ပမာဏတို့နှင့် ထောက်ခံစာထုတ် ပေးသွားမည် ဖြစ်သည်ဟု ကြေ ညာချက်အရ သိရပါသည်။

        စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန်ကြော်ငြာစာအမှတ် ၇၉/၂၀၂၃ ကို နိုဝင်ဘာလ ၂၂ ရက် ဝင်ငွေခွန်နှင့်ပတ်သက်ပြီး ထုတ်ပြန် ကြေညာထုတ်ပြန်ထားပြီး အဆိုပါ ထုတ်ပြန်ချက်အရ ငွေခွန်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်ကနေစတင်ပေးဆောင်ရမည်ဖြစ်သည်ဟု သိရပါသည်။ 

#PAN