Thai Fight Queen’s Cup ဗိုလ်လုပွဲ၌ ပြိုင်ဘက်ဟောင်းနဲ့ ပြန်လည်ယှဉ်ပြိုင်ထိုးသတ်မယ့် ဘရော်နီကာ

ဒီဇင်ဘာ ၂၁

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight Queen’s Cup ဗိုလ်လုပွဲအဖြစ် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ အဆိုပါပွဲစဉ်ကို လာမည့် ဒီဇင်ဘာ(၂၄)ရက်တွင် အယုဒ္ဓယမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ချန်ပီယံခါးပတ်လုပွဲ တွဲဆိုင်း(၅) ပွဲ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

ဘရော်နီကာဟာ Thai Fight Queen’s Cup ဗိုလ်လုပွဲအဖြစ် အမျိုးသမီး(၅၄)ကီလိုတန်းတွင် ပြိုင်ဘက်ဟောင်း ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါကို အမှတ်ဖြင့် အနိုင်ရရှိထားသူဖြစ်ပြီး ယခုတစ်ကြိမ်ပြန်လည်တွေ့ဆုံမှုမှာ နှစ်ဦးစလုံးအတွက် မကျေပွဲဖြစ်နေကြောင်း သိရပါတယ်။

ဘရော်နီကာက Thai Fight Queen’s Cup ၏ လက်ရှိ ချန်ပီယံဖြစ်ပြီး ယမန်နှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂရိနိုင်ငံသူ ဖာနီကို အလဲထိုးဖြင့် အနိုင်ရထားခြင်းဖြစ်ပါတယ်။