CDM ဝန်ထမ်းများနှင့် ပြည်သူအချို့ကိုဖမ်းဆီးရာတွင် ငွေကြေးတောင်းယူခဲ့သည့် နတခ မှ ဗိုလ် မှူးနှင့်ဗိုလ်ကြီးအဆင့်အပါအဝင် အရာရှိ ၅ဦးကို တိုင်းမှ ဖမ်းဆီးစစ်ဆေး ဟု မဟုတ်မမှန် ကော လာဟလ သတင်းမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၁

      ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်အချို့တွင် CDM ဝန်ထမ်းများနှင့် ပြည်သူအချို့ကို ဖမ်းဆီးရာ၌ ငွေ ကြေးတောင်းယူခဲ့သည့်  အနောက်တောင်တိုင်းစစ်ဌာ နချုပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအပါ အဝင် အရာရှိငါးဦးကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မဟုတ်မှန် ကောလာဟလသတင်းများကို ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Ayeyarwaddy Times မှ လူမှုကွန်ရက်စာမျက် နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

         အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ အရာရှိ(၅)ဦးအား ဖမ်းဆီးစစ်ဆေးသည်ဟု ဆိုသည်မှာ သတင်းမှား ဖြစ် ကြောင်း သိရှိရပါသည်။

       သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times သည် ဧရာဝ တီတိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေး ချမ်းလျက်ရှိသည်ကို ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ မဟုတ်မမှန် ကောလာ ဟလသတင်းများကို ဖန်တီးရေးသားထုတ်လွှင့်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN