အမေရိကန်၏ 2024 သမ္မတ ရွေးကောက်ပွဲသည် EU အတွက် အလွန့်အလွန် အရေးကြီးလှသည်ဟု EU ပြောဒီဇင်ဘာ ၂၁

အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဘိုရဲလ် က အမေရိကန်နိုင်ငံ၏ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲသည် EU အတွက် “အလွန့်အလွန်” အရေးကြီးလှသည်ဟု ပြောလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် Le Grand Continent မှ စီစဉ်ကျင်းပသည့် ထိပ်သီးအစည်းအဝေး၌ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂ EU က ဝင်ရောက်စွပ်ဖက်နေသည့် ရုရှား ယူကရိန်းစစ်ပွဲအခြေအနေသည် ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် အမေရိကန်သမ္မတသစ်၏ နိုင်ငံခြားရေးမူဝါဒကြောင့် ပြောင်းလဲသွားနိုင်ဖွယ်ရှိသည်ကို EU က စိုးရိမ်နေသည်။

ယနေ့ကမ္ဘာပေါ်တွင် စစ်ပွဲများဖြစ်ပွားနေမှု စီးပွားရေးကျဆင်းနေမှုကို ကမ္ဘာ့နိုင်ငံများမှ ရင်ဆိုင်နေရပြီး ဥရောပနိုင်ငံများတွင်လည်း စီးပွားရေးကျဆင်းလာမှုများ အကြပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် အချိန်လည်းဖြစ်သည်။

ဥရောပသမဂ္ဂ EU ဟာ ရုရှား ယူကရိန်းစစ်ပွဲ ၊ ထိုင်ဝမ်တင်းမာမှု၊ မြန်မာ့အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုများရှိနေသကဲ့သို့ အစ္စရေး- ဟားမတ်(စ) စစ်တွင် ဟူသီသူပုန်မျနှင့် ဟဇ်ဘိုလာများ ပါဝင်လာရေးဆောင်ရွက်နေသည့်အတွက် EU ကြောင့် အရှေ့အလယ်ပိုင်းအတွင်း ဒေသအဆင့် စစ်ကြီးများ ဖြစ်လာမည့်အရေးကို ဒေသတွင်းနိုင်ငံများမှ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews