လယ်မြေ ၁၀ ဧကအထက်ပိုင်ဆိုင်သည့် တောင် သူများ ကာလတိုချေးငွေ လျှောက်နိုင်

ဒီဇင်ဘာ ၂၁

      လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူလယ်သမားများအနေနှင့် ကာလတိုချေးငွေ လျှောက်ထား နိုင်ပြီဖြစ်သည်ဟု မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာလတိုချေးငွေအဖြစ် တစ်ဧကကို ကျပ် ၄ သိန်းထုတ်ချေးပေးနိုင်ရေး အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် လိုင်စင်ရဘဏ်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့သည် သိရပါ သည်။

        ၎င်း အစီအစဉ်အရ ၁၀ ဧကအထက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားကြီးများအနေနှင့် ပုံစံ ၇ မူရင်းကို အာမခံအဖြစ် တင် ပြလျှောက်ထားရန်၊ စပါးသီးနှံတစ်ရာသီကို ၄ လမှ ၅ လအထိ ချေးငွေကာလထားရှိရန်၊ အတိုးနှုန်း တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းထုတ်ချေးပေးရန်၊ တစ်ဧကကိုကျပ် ၄ သိန်းနှုန်းနှင့် ဧက ၁၀၀ အထိထုတ်ချေးပေးရန်၊ လျှောက်လွှာများကို မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ တစ်ဆင့်သက် ဆိုင်ရာဘဏ်များကို စိစစ်ပေးပို့ရန် ညှိနှိုင်းထားသည်ဟု ထုတ်ပြန်ချက်အရ သိရပါသည်။

      ထို့ကြောင့် အစီအစဉ်တွင် ပါဝင်လျှောက်ထားလိုသည့် လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများအနေဖြင့် လျှောက်လွှာပုံစံနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ကာလတိုချေးငွေပေးပို့ လျှောက်ထားနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

#PAN